Part-7

11.6K 971 7
                                        

Jimin တို့ Ent ရှေ့နက်မှောင်ပြောင်လက်နေတဲ့ကားကြီးထိုးရပ်လာကတည်းက အကုန်လုံးစိတ်ဝင်စားနေကြကာ ကားပေါ်မှဆင်းလာမည့်လူသားအားသိချင်ဇောပြင်းပျနေကြသည်...

ခနကြာတော့ အနောက်ကကားတွေဆီက တူညီ Suit ဝတ်စုံတွေနဲ့လူတွေထွက်လာရင်းဘေးတစ်ဖက်တစ်ချက်ဆီခြံရံနေကြသည်..

All Black နဲ့ ချောမောခန့်ညားတဲ့လူသားကားပေါ်ကဆင်းလာချိန်မှာတော့ အားလုံးအကြည့်တို့က ထိုသူ့ဆီမှာပင်....

Ent ထဲဝင်ပြီး ခပ်တည်တည်ပင် Jimin ရှိမည့် ရုံးခန်းရှိရာဆီသွားနေတော့သည်...

"ဟဲ့ ဟိုဟာ Jeon Group က သားမလား...ချောလိုက်တာဟယ်"

"အမြင်နဲ့ပဲမကြည့်နဲ့ကောင်မရေ သူကအရမ်းမာနကြီးတာနော် တို့ CEO နဲ့က အပြိုင်အဆိုင်တဲ့ ငယ်ကတည်းကရင်းရန်ဘက်..အခုလည်းဘာသွားလုပ်တယ်မသိဘူး တို့ CEO လေးသနားပါတယ်"

"အော် ညည်းကလည်းဟယ် ဘာသနားစရာလည်း တို့ CEO က Uke type လေး ဒီ Jeon Group ရဲ့သားက Seme type လေ အချင်းချင်းတွေ့ပါများရင် ကြိုက်သွားတော့ဘယ်လိုလုပ်မလဲ"

"ပေါက်ပေါက်ရှာရှာကမရယ်...သူတို့နှစ်ယောက်လုံးကမာနမင်းသားတွေ လာကြိုက်သမျှငြင်းလွှတ်တာချည်းပဲတဲ့ အဲ့ထဲကောင်လေးတွေတောင်ပါတယ်တဲ့လေ "

"ဟုတ်လား ဒါမယ့် သဘောတူတယ်ဟယ်"

"ဒါဆို V ကရော V ကို CEO က ဖူးဖူးမှုတ်ထားတာ Ent တစ်ခုလုံးသိတယ်"

"ဟဲ့ Uke type ချင်းတွဲမလားဟဲ့ တွဲမယ့်တွဲ Jeon နဲ့တွဲမှာပေါ့ "

"အဟမ်း ... မင်းတို့အတော်အားနေတယ်ထင်တယ်"

ဌာနမှူးမမရောက်လာမှ အတင်းပြောနေတာတွေလူစုခွဲသွားကြသည်....

...............

"Park Jimin..."

တံခါးက ဝုန်းခနဲပွင့်သွားကာ Jimin ထိုင်ပြီး Model တွေရဲ့ကိုယ်ရေးအချက်အလက်တွေစစ်နေရင်းကြည့်မိတော့ Jungkook...ဒီကောင်ဘယ်တုန်းကပြန်ရောက်လာတာလဲ...

မျက်နှာထားကတင်းမာနေကာ စားမတတ်ဝါးမတတ်ကြည့်လာသည်...

"ဆို ဘာကိစ္စလဲ .."

Jungkook သူ့အားခပ်တည်တည်ပင်ကြည့်ပြီးလာရတဲ့အကြောင်းအရင်းကိုမေးနေတဲ့ Jimin ကိုဒေါသထွက်လာသည်...သူများအပိုင်ကိုသူလုယူထားတာအခုထိမသိသေးတာလားဘာလား...ရုံးခန်းတစ်ခုလုံး သူ့အရုပ်လေးပုံတွေချည်းနေရာယူထားတာကိုကြည့်ရင်း Jimin ကိုလျော့တွက်မရတော့ဟုနားလည်လာသည်...

💜 Lovely Tae 💜 (Completed)Where stories live. Discover now