Part-5

12.2K 1K 11
                                        

Jungkook တို့ကျောင်းပြီးဖို့သိပ်မလိုတော့ပေ..သန်ဘက်ခါဆိုစာမေးပွဲစဖြေရတော့မည်..ဒီစာမေးပွဲပြီးတာနဲ့ဂျောင်ကု US ကိုသွားတော့မည်ဖြစ်သည်...ဟိုကောင်လေးနဲ့ Jimin ဆိုတဲ့ကောင်နဲ့တစ်တွဲတွဲဖြစ်နေတာကိုကြည့်မရပေမယ့်...Jimin က အိမ်အထိလာပြီး တီတီလေးတို့ဆီကနေ Taehyung ကိုလာခေါ်သည်..ဝမ်သိန်းတစ်ရာပါယူပြီး လာခေါ်ခြင်းပင်...

အဲ့နေ့က Jungkook ဒေါသတွေထွက်နေပေမယ့် Jimin မိဘတွေနဲ့တီတီလေးတို့က ရင်းနှီးကြသည်မလို့ ဆွဲမထိုးမိပေ..ဟိုကောင်လေးကို နှမြောတာမဟုတ်ပေမယ့် ဒီကောင် Jimin သည်းသည်းလှုပ်ဖြစ်နေတာကိုကြည့်မရလို့သာ အားလုံးရှေ့မှာ သူ့အပိုင် Taehyung ကို ဘယ်သူ့ကိုမှမပေးနိုင်ဘူးလို့ပြောမိခဲ့သည်..

ကောင်လေးကလည်းသူခိုင်းသမျှအကုန်လုပ်ပေးနေတာကြောင့် ဒီကောင်လေးကအသုံးဝင်သည်လေ သူ့အတွက်.. ဒီတစ်ခေါက် US ကိုသွားရင်ကောင်လေးနဲ့ ၅ နှစ်ခွဲရမှာဆိုတော့ Jimin ကရော သူမရှိခင် ဒီကောင်လေးကို လာခေါ်သွားရင်ဘယ်လိုလုပ်မလည်း...

Jungkook ကော်ဖီသောက်ရင်း အခန်းထဲကမှန်ပြတင်းပေါက်အကြီးကြီးရှေ့မှာရပ်နေကာ စဉ်းစားခန်းဖွင့်နေမိသည်..

...ကောင်လေးကို Jimin ထပ်လာခေါ်ရင် ..မဖြစ်ဘူးမဟုတ်လား...

အောက်ထပ်သို့ ဝရုန်းသုန်းကားဆင်းလာပြီး ကောင်လေးအခန်းရှေ့ခြေအစုံရပ်နေမိသည်..အခန်းထဲက စာကျက်သံတိုးတိုးလေးကြောင့် သူနှောက်ယှက်လို့ဖြစ်ပါ့မလား..သို့ပေမယ့်

"Kim Taehyung"

စာကျက်သံရပ်သွားပြီး ခနအကြာ ဖျတ်ခနဲပွင့်လာသောတံခါးနဲ့အတူ ပေါ်ထွက်လာသော မျက်နှာနုနုလေး...

"ဘာခိုင်းမလို့လည်း အစ်ကိုလေး "

"အဟမ်း ဟို ငါ့အခန်းထဲကို အသီးပန်းကန်လာပို့ပေး "

"ဟုတ် "

"သေချာလှီးခဲ့နော် "

"ဟုတ်ကဲ့ "

အနားကထွက်သွားသောကျောပြင်လေးအားငေးကြည့်မိရင်း

...တွေ့လား ကောင်လေးက သူခိုင်းရင်အကုန်မငြင်းဘဲလုပ်ပေးတဲ့သူ့အရုပ်လေး....

💜 Lovely Tae 💜 (Completed)Where stories live. Discover now