Part-8

11.4K 959 4
                                        

"ရောက်ပြီလား..."

Taehyung တံခါးကိုဖြည်းဖြည်းလေးဖွင့်ကာ တစ်ကိုယ်စာလေးပွင့်တော့အသံမထွက်အောင်ဝင်လိုက်ရင်း တိတ်တိတ်ကလေးပိတ်နေတုန်း အနောက်ကအသံကြောင့် လူကထိတ်ခနဲ...

..ဘာလည်း သူစောင့်နေခဲ့တာလား...

တစ်ကိုယ်လုံးလှည့်လိုက်ရင်း အပြစ်လုပ်ထားမိသူမို့ ကြောက်ရွံ့စွာ ကြည့်မိရင်း ဒေါသထွက်နေတဲ့မျက်လုံးတို့ကိုမြင်တော့ အထိတ်တလန့်နဲ့ခေါင်းကိုငုံ့ထားမိသည်...

Jungkook သူ့အရှေ့ကနေ ခေါင်းငုံ့ကာရပ်နေတဲ့ ကောင်လေးကိုကြည့်ကာ ပိုစိတ်တိုလာသည်..

..Kim Taehyung က လူကိုဂရုမစိုက်ဘူးပဲ..လုပ်ချင်ရာလုပ်တာ....

"ပြောစမ်းပါဦး ဘယ်ကနေ ဘယ်သူနဲ့တွေ့ပြီး ပြန်လာတာလည်း..."

"........"

သူ့အသံကြောင့် လူကပို၍ပင်လန့်နေမိကာ ဘာစကားမှမထွက်တော့...

"Kim Taehyung မင်းကဘာလည်း အ သွားတာလား ငါ့ကို ဂရုမစိုက်တာလား မေးရင်ဖြေလေ..."

"ဟို...ဟိုလေ Hyg က ..."

"အော် Jimin နဲ့အခုအချိန်ထိအတူရှိနေပြီးမှ ပြန်လာခဲ့တယ်ပေါ့...မင်းကို ငါချက်ချင်းပြန်လာဖို့ပြောတယ်မလား..မင်းကငါ့ကိုသောက်ဂရုမစိုက်တာလား ..."

Tae ကြောက်နေပြီဖြစ်သည်...

"မဟုတ်ဘူး...Hyg က အရေးကြီးပြောစရာရှိတယ်ဆိုလို့ ခန သွားမိတာပါ...အစ်ကိုလေးကို ဂရုမစိုက်တာ..မဟုတ်ရပါဘူး.."

"အဲ့ကောင် ဘာပြောလိုက်တာလည်း အရေးကြီးစကားဆိုတော့ ဘာလည်း မင်းကို..."

"ဟို ကျွန်တော့်ကို အစ်ကိုလေး Ent မှာပြောင်းနေဖို့ပါ "

Jungkook စဉ်းစားနေသယောင်ပြုကာ...

"အဲ့တာပဲလား...ဒါဆိုဘာလို့ ဒီလောက်ကြာနေတာလည်း.."

"Hyg က ဟင်းချက်ကျွေးတာနဲ့ ညစာစားရင်းကြာသွားတာပါ..."

"ငါ့ခေါ်တာကျ ဂရုမစိုက်ပဲ...မင်းအကောင်နဲ့..."

"နောက်မဖြစ်စေရပါဘူး...တောင်းပန်ပါတယ်..."

Jungkook စကားကို Taehyung အရဲစွန့်ကာဖြတ်ပြောလိုက်တော့ ခက်ထန်စူးရဲနေသောမျက်လုံးတို့မှာ Taehyung မျက်လုံးတွေထဲစူးစိုက်ကြည့်ကာ

💜 Lovely Tae 💜 (Completed)Where stories live. Discover now