"Jeon Jungkook ရေ..Tae Tae ယောကျာ်းရေ"
Jungkook ရှိနေတဲ့ဘက်ထိလျှောက်ကာ ထိုင်နေတဲ့ Jungkook ပေါင်ပေါ်မေးလေးတင်ပြီးခေါ်လာတဲ့ငယ်...
"စိတ်မထိခိုက်ပါနဲ့ Tae လေ ဆင်ခြင်ပါ့မယ် ..Jeon ကိုပဲဦးစားပေးပါ့မယ်နော်..အခုကလည်း Jeon ချစ်မှန်းသိလို့ဆိုးမိတာပါ..Tae နောက်အာ့လိုမလုပ်တော့ဘူးလေနော်.."
Jungkook မျက်နှာအားလက်နှစ်ဖက်နဲ့အုပ်ကိုင်ပြီး မျက်တောင်တို့တဖျတ်ဖျတ်ပုတ်ကာ နှုတ်ခမ်းတထော်ထော်နဲ့ချော့လာတဲ့ငယ်...
Jungkook ကြာကြာမျက်နှာမတင်းထားနိုင်တော့ပေ...အရှေ့ကအကောင်ပေါက်ကို အသည်းယားကာဖျစ်ညှစ်ပစ်ချင်မိသည်..ဒါပေမယ့် ငယ့်ဘက်ကတစ်ခါမှမချော့ဖူးတာကြောင့် ဒီလိုလေးဆက်ကြားချင်သေးသည်...
"Jeon...အဲ့လိုမျက်နှာကြီးတည်မနေပါနဲ့ ...Tae ခင်ဗျားလို့လည်းမခေါ်တော့ဘူးလေ နော်.."
"ပြွတ်..."
WTF ငယ်က အခုသူ့ကိုနမ်းလိုက်တာလား..ဘယ်တုန်းကမှစမနမ်းတဲ့ငယ်ကလေ...
Taehyung သူ့ကိုနမ်းပြီးမှ ရှက်သွားရသည်...အဲ့လောက်ကြီးအထိချော့ဖို့မဟုတ်ပေမယ့် အရှိန်ပါသွားတာကြောင့် လူကမထိန်းလိုက်နိုင်..ပိုဆိုးတာက သူကကိုယ့်ကိုဒီအတိုင်းကြည့်နေခြင်းပင်..ဒီအခြေအနေကြီးကိုမကြိုက်...
Jungkook အရှေ့ကနေ မျက်နှာတွေနီကာ ထပြေးဟန်ပြင်နေတဲ့ကိုယ်လေးအား ခါးကနေဆွဲချကာ ပေါင်ပေါ်တင်ရင်း သိုင်းဖက်ပစ်တော့သည်...
"အဟင့်..."
"ငယ်.."
"......."
ငိုနေပြီ... Jungkook ခိုးပြုံးရင်း ငယ့်ဂုတ်သားဖွေးဖွေးလေးပေါ် နှာခေါင်းနဲ့တိုးတိုက်နမ်းကာ ငယ့်ကိုယ်သင်းနံ့လေးအားရှူရှိုက်နေမိသည်..ဒီကောင်လေးကိုသူသိပ်ချစ်သည်..ဘာနဲ့မှတိုင်းတာလို့မရပေ..
"ငယ် ကိုယ်ကစတာပါ...ကိုယ်ငယ့်ကိုစိတ်မဆိုးဘူးရယ်"
"ဟင့်..ဒါဆို ဘာလို့..ဖယ်ပေး"
ခါးကနေသိုင်းဖက်ထားတဲ့ Jungkook လက်တွေကိုဖြုတ်ချကာ ရုန်းထွက်သည်... Jungkook လွှတ်မပေးပဲ ငယ့်ကိုယ်လေးကိုဆွဲချလိုက်ရင်း အုပ်မိုးကြည့်တော့ မျက်နှာကိုလက်ဝါးနှစ်ဖက်နဲ့အုပ်ကာ ခေါင်းရမ်းသည်..
YOU ARE READING
💜 Lovely Tae 💜 (Completed)
FanfictionTae ဆိုတဲ့ကောင်လေးက ကျွန်တော်ပိုင်တဲ့အရုပ်ပဲ အဲ့ဒီအရုပ်လေးကို အလှကြည့်နေချင်တဲ့ဆန္ဒထဲမှာ ပိုင်ဆိုင်ချင်တဲ့အတ္တအနည်းငယ်ပါလာတဲ့အခါ အချစ်လို့ခေါင်းစဉ်တပ်လို့ရမလား..ဒါဆို Tae ကိုချစ်နေပါတယ်ပေါ့ Jeon Jungkook ဘဝတစ်ခုလုံးကို ငွေနဲ့လဲပြီးဝယ်ထားတယ်ဆိုတိုင်း...
Part-19
Start from the beginning
