"ငယ်...ကိုယ့်ကိုအခုထိစိတ်ဆိုးနေတုန်းလား"

"........"

Jungkook အကြည့်တို့ကိုရှောင်လွှဲကာ မျက်နှာကိုတစ်ဖက်လှည့်သွားသည်...ထိုအပြူအမူ‌ကြောင့် Jungkook အသည်းယားကာ လက်နှစ်ဖက်နဲ့ ငယ်မျက်နှာ‌လေးကိုအုပ်ကိုင်ရင်း တဖျတ်ဖျတ်နမ်းနေမိသည်...

"ဖယ် ခင်ဗျား...အွန့်...လွှတ်"

Jungkook မလွှတ်ဘဲ ဆူပုတ်ကာ‌ပြောဆိုနေတဲ့နှုတ်ခမ်းလေးကိုငုံကာကိုက်ခဲပစ်သည်..

"အာ့..."

ကျောပြင်ကိုထုရိုက်လာတဲ့လက်လေးတွေကြောင့် လွှတ်ပေးတော့ ငိုမဲ့မဲ့လေးရယ်..

"ငယ်ရာ ဘာလို့ခင်ဗျား ခင်ဗျားနဲ့‌ပြောနေတာလည်း ကိုယ့်ယောကျာ်းကို "

စိုစွတ်နေတဲ့မျက်နက်ဝန်းလေးတွေကိုနှုတ်ခမ်းနဲ့တိုးတိုက်ပြီးဖိနမ်းရင်း မေးတော့..

"မုန်းလို့ အလျော့မပေးတဲ့လူကြီး..ဒါလားချစ်တာ ဘယ်နားကချစ်တာလဲ..လူလိမ်.."

"ငယ့်ကို ချစ်ပါတယ်ကိုယ်က အခုကိစ္စက ကိုယ်မမှားဘူးလေ ကိုယ်ပင်ပန်းလာတဲ့အခါ ငယ့်ကိုတွေ့ချင်တယ်..ငယ်ကိုယ့်ရင်ခွင်ထဲဝင်ပြီးစကားလေးတွေ‌ပြောတာကြားချင်တယ်..အခုကျ ငယ်က ကိုယ့်ကိုအဖတ်မလုပ်ဘူး..ကိုယ်တကယ်ဝမ်းနည်းတာ..ငယ့်ကိုအလျော့ပေးရင် ငယ့်ဘက်ကအမြဲအဲ့လိုပဲလုပ်တော့မှာ..ကိုယ်သိပ်ချစ်တာသိရဲ့ ငယ်ကနားမလည်တတ်လိုက်တာကွာ"

Taehyung သူ‌ပြောသမျှ မျက်ဝန်းဝိုင်းလေးတွေတဖျတ်ဖျတ်ပုတ်ကာ အံ့ဩနေရသည်..Jeon Jungkook က ဒီလိုဝမ်းနည်းတတ်သေးတာလား..အဲ့လောက်ထိသူစိတ်ထိခိုက်မယ်လို့မှမထင်မိတာ..သာမာန်စိတ်ဆိုးရုံလောက်ပဲထင်ခဲ့တာကို..

Taehyung ကိုကျောပေးကာ ကုတင်အစွန်းမှာထိုင်နေတဲ့ ချစ်ရသူ...ဒီတစ်လျှောက်လုံးသူကိုယ့်ကိုအလိုလိုက်အလျှော့ပေးထားတာတွေကိုသိပါသည်..အခုလည်း သူချစ်မှန်းသိလို့ဆိုးရုံသက်သက်သာ..သူကဝမ်းနည်းနေတာတဲ့လား...

"Jeon..."

ခါးကိုတို့ကာ တိုးတိုးလေးခေါ်တဲ့ငယ်... Jungkook မထူးမိ..

"Jeon လို့..."

Taehyung ခေါ်တာကိုမထူးတာ‌ကြောင့် ကိုယ့်ဘက်ကပဲသူ့ကိုစိတ်‌ပြေတဲ့အထိချော့ဖို့တွေးလိုက်မိသည်..

💜 Lovely Tae 💜 (Completed)Donde viven las historias. Descúbrelo ahora