Jungkook က သေချာ‌ပြောပြတော့ နားတော့ထောင်ပါသည် အဲ့ဒီအစား ဖင်မဲကောင်ကိုနေ့နေ့ညညလက်ထဲကမချတာကပြဿနာဖြစ်လာသည်...‌ပြောရင်ကျ အလုပ်လုပ်ဖို့ခွင့်ပြုလေကလုပ်သေးသည်...

ငယ်အလုပ်မလုပ်ရင်တောင် သူက ဆယ်သက်စာကောင်းကောင်းမွန်မွန်ထားပေးနိုင်သည်..ဒါကိုငယ်လည်းသိသည်..တမင်ဂျစ်နေတာသူ..အခုတော့ချော့ဖို့စိတ်ကူးမရှိ..ကြာတော့ ခွေးလောက်တောင်ကိုယ်ကသူ့အနားမကပ်ရ..အရေးမပါသလိုခံစားရသည်...

Jungkook အခန်းထဲဝင်လာတော့ စောင်ပုံထဲက တစ်လှုပ်လှုပ်နဲ့ငယ်ရယ်...အနားကပ်သွားတော့ ရှိုက်သံလေးကြားနေရသည်..

...ကျစ် ဘာလို့အဲ့လောက်ထိငိုနေရတာလည်း....

Jungkook အနားသွားကာ စောင်ကိုဆွဲလှန်တော့ ပြန်ဆွဲထားသည်...

"ငယ်..."

"ဖယ် မလာနဲ့ ခင်ဗျားနဲ့မအိပ်ဘူး အခြားအခန်းသွားအိပ်"

...ဟားး Jeon Taehyung တို့ကတော့....

"ငယ် ...ဘာလို့ငိုနေတာလည်း ကိုယ်ဘာလုပ်မိလို့လည်း"

"လူကိုအော်တာလေ...အဟင့်..ပြီးတော့ Tennie ကို Tennie ကိုလည်း အဟင့် လွှင့်ပစ်မယ်တဲ့ စာနာစိတ်မရှိတဲ့လူကြီး .."

"ကဲ ငိုတော့ ဝအောင်ငို ..ငယ်ကကိုယ့်ခံစားချက်ကိုကျ ထည့်မတွက်ပေးဘူး ကိုယ်ကငယ့်အတွက်ခွေးလောက်တောင်အရေးမပါဘူး "

‌ပြောပြီး Jungkook ကုတင်ပေါ်ကဆင်းကာအပြင်ထွက်သွားတော့သည်...Tae ပိုဝမ်းနည်းကာ တအီအီငိုမိတော့သည်...ဘယ်သူက ကိုယ့်ယောကျာ်းကိုမချစ်ပဲနေမှာမို့လို့လဲတဲ့...အခုက တစ်နေ့တစ်နေ့အလုပ်မလုပ်ရတော့ပျင်းတာမို့ Tennie နဲ့ဆော့တဲ့ဟာ..
အလကားနေအလကား ခွေးနဲ့တောင်ကပ်တွက်‌နေတာ...သူပဲဒီခွေးကိုလက်ဆောင်ပေးထားပြီးတော့...နေပါစေ အလကားစိတ်ပုတ်...

.............

"Baby မူးလာတာလား"

"အဟီး ဟုတ်တယ်...အခုက Min Yoongi လား"

"ဟုတ်တယ်လေ Baby ရဲ့"

"အေ့ Min Yoongi ဆိုတော့ငါ့ယောကျာ်းပေါ့"

Yoongi အမူးသမားလေးအားတွဲကာ အခန်းထဲခေါ်လာတော့သည်..သူနဲ့လက်ထပ်ပြီးကတည်းက Baby က ညတွေဆိုသောက်လာတတ်သည်..သူဘာမှမ‌ပြောချင်ပေ..သူက Baby ကိုအတင်းသိမ်းပိုက်ထားတဲ့သူမလား"

💜 Lovely Tae 💜 (Completed)Where stories live. Discover now