"ဘာလည်း စိတ်ဆိုးတာလား အဲ့တာက"
ဆူထော်နေတဲ့နှုတ်ခမ်းလေးကို Jungkook လက်နဲ့ဖွဖွလေးဆွဲကာမေးတော့ ငယ်ကပုတ်ထုတ်ကာတစ်ဖက်လှည့်သွားလေသည်...
"ငယ်ကပြောင်းပြန်တွေလုပ်နေတာပဲ အခုစိတ်ဆိုးရမှာက ကိုယ်ပါ ဟော့ဒီက Jeon Jungkook ပါနော် ကိုယ်အလုပ်ကပြန်လာတာနဲ့ Jeon Taehyung မျက်နှာလေးတွေ့ချင်တာပေါ့ အခုကကျ..."
"ဘာလဲ အခုလည်းမတွေ့ရလို့လား တွေ့နေရတာပဲကို"
တစ်ချက်စောင်းကြည့်ပြီး တိုးတိုးလေးရန်လုပ်သည်...
"အာ့လိုတွေ့တာပြောတာမဟုတ်ဘူးလေ ငယ်သိပါတယ် ..."
"မသိဘူး ဘာမှမသိဘူး.."
"အဲ့ခွေးနဲ့ပဲဆော့နေတော့တာပဲ ကိုယ့်ယောကျာ်းကိုကျ အဖတ်ကိုမလုပ်တာ"
"ခင်ဗျားပဲ Model မလုပ်နဲ့သဝန်တိုတယ်ဆိုပြီး အလုပ်လာအပ်သမျြှငင်းနေတာလေ အိမ်မှာနေရတော့ ပျင်းတာပေါ့ Tennie နဲ့မဆော့စေချင်ရင် အလုပ်ပြန်လုပ်မှာပဲ"
"Jeon Taehyung..."
"မအော်နဲ့နော်..."
"ဒီလောက်ရှိလှတာ အဲ့ခွေးကိုသွားလွှင့်ပစ်မှာ"
"..........."
Jungkook ကိုဘာမြှပန်မပြောတော့ လှည့်လည်းမလာပဲ ပေကပ်ထိုင်နေသည်...တစ်အောင့်လောက်ကြာမှ အခန်းထဲပြေးဝင်သွားတော့သည်...
Jungkook လည်းလိုက်ချော့ဖို့မစဉ်းစားမိ..အခုတလော ငယ်ကအရမ်းဆိုးလာသည်..ပြန်မပြောနားမထောင်လေးဖြစ်လာတာ...ငယ့်ကို Social media မှာမြင်သမျှကျားကျားမမ အကုန်ကြောင်တာရယ် Jungkook က မခံစားနိုင် အစကတည်းက ဒီအလုပ်ကိုငယ်လုပ်နေတာကိုသဘောမကျတာ..
အလုပ်မလုပ်အောင် Ent က ပင်တိုင် Model တောင်ပြောင်းပစ်ခဲ့သည်.. ငယ်တာဝန်ယူထားတဲ့ Brand တွေနဲ့စာချုပ်တွေအကုန်ပြန်ဖျက်ရသည်..ဒီကြားထဲ ငယ်နဲ့မှရိုက်ပါမယ်ဆိုတာတွေကလည်းတစ်မျိုး..အကုန် Jungkook ကပဲဒိုင်ခံငြင်းခဲ့သည်..
ကောင်မလေးတွေနဲ့တွဲရိုက်ရင်ပဲဖြစ်ဖြစ် ကောင်လေးပဲဖြစ်ဖြစ်သဝန်တိုသည်..ပြီးတော့ငယ်အလုပ်လုပ်နေရင် သူ့လို CEO ကမှအိမ်ပြန်ချိန်မှန်သေးသည်..ငယ်ဆို ညတွေပါရိုက်ရတာမျိုးတွေရှိတော့ လင်လင်နှစ်ယောက်လုံးယူသာထားတာ တစ်နေ့ 5 နာရီတောင်အတူရှိဖို့ကခဲယဉ်းတာအမှန်...
YOU ARE READING
💜 Lovely Tae 💜 (Completed)
FanfictionTae ဆိုတဲ့ကောင်လေးက ကျွန်တော်ပိုင်တဲ့အရုပ်ပဲ အဲ့ဒီအရုပ်လေးကို အလှကြည့်နေချင်တဲ့ဆန္ဒထဲမှာ ပိုင်ဆိုင်ချင်တဲ့အတ္တအနည်းငယ်ပါလာတဲ့အခါ အချစ်လို့ခေါင်းစဉ်တပ်လို့ရမလား..ဒါဆို Tae ကိုချစ်နေပါတယ်ပေါ့ Jeon Jungkook ဘဝတစ်ခုလုံးကို ငွေနဲ့လဲပြီးဝယ်ထားတယ်ဆိုတိုင်း...
Part-19
Start from the beginning
