ဧည့်ခန်းမှာဆင်းစောင့်နေမိသည်...ည ၈ နာရီတောင်ထိုးနေပြီ အခုထိကောင်လေးကပြန်မလာ..
လိုင်းဖွင့်ကာကြည့်နေမိသည်...နိုင်ငံကျော် Model ဆိုတော့ ဘယ်ရောက်ရောက် သတင်းလေးဘာလေးများတက်မလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့...

"ဟင်"

Model V နဲ့ CEO Park တို့ရဲ့ လျှို့ဝှက် Date ....

ပုံတွေက အနည်းငယ်ဝါးနေကာ Jimin က ကောင်လေးပါးကို နမ်းနေတဲ့ပုံရယ် နောက်တစ်ပုံကဒူးထောက်နေပုံရသည်...နောက်တစ်ပုံမှာကျ ကောင်လေးက Jimin ကို နောက်ကျောကနေသိုင်းဖက်ထားကာ ခေါင်းလေးတင်ထားသည်...

"တောက်"

ခွမ်း...

ခလွမ်း...

Jungkook  လက်ထဲက ph အားနံရံဆီပေါက်ခွဲမိသည်..တစ်ခုခုဆုံးရှုံးသွားသလိုခံစားချက်ကြီးက ရင်ထဲလုံးဝတင်းကျပ်နေသည်...

ဒီလူကသာအရူးလိုစိတ်တွေပူနေတာ ကောင်လေးက Date နေတယ်တဲ့လား...

..အဟား Kim Taehyung က Jeon Jungkook ကိုလုံးဝဂရုမစိုက်တာပဲ....

"တွေ့ကြသေးတာပေါ့ သတ္တိကောင်းနေတဲ့ကောင်လေးရာ"

..........

Taehyung အိမ်ထဲဝင်လာတော့ တစ်အိမ်လုံးတိတ်ဆိတ်နေကာ ကြက်သီးတောင်ထရလောက်သည်...မိမိကအမှားလုပ်ထားသူမို့ ဒီအခြေအနေကြီးကိုကျောချမ်းလှသည်...

...အစ်ကိုလေးနဲ့မဆုံချင်..ဟင့်အင်းမဆုံအောင်ရှောင်ရမည်...

"သူအိပ်နေလောက်ပြီမလား"

Taehyung Jungkook အခန်းဘက်ချောင်းကြည့်ပြီး ဘာမှထူးခြားတာမတွေ့မှ အခန်းတံခါးအသာလေးဖွင့်ပြီးဝင်ခဲ့လိုက်သည်..

"အိုး အမေ့"

Jeon Jungkook ...

ဟုတ်သည် Taehyung အိပ်ရာပေါ်မှာ မိန့်မိန့်ကြီးထိုင်နေကာ မီးတောက်နေတဲ့မျက်ဝန်းများနှင့်ကြည့်နေတဲ့ အစ်ကိုလေးရယ်ပါ...

"ဟို အစ်ကိုလေး..."

"ပျော်လာခဲ့သလား Kim Taehyung"

"အစ်..အစ်ကိုလေး ဘာကိုဆိုလို..."

"မင်းအကောင်နဲ့သွားတွေ့ပြီးပြန်လာတာငါတင်မကဘူး တစ်နိုင်ငံလုံးသိပြီးပြီ...ဘာလည်း လိမ်ချင်သေးတာလား Jeon Jungkook ကိုမင်းလှည့်စားလို့ရမယ်လို့ထင်နေတာလား"

Taehyung လန့်သွားကာ Ph ထုတ်ကြည့်တော့ အစ်ကိုလေးဆီက ph call များစွာဝင်ထားသည်..Internet ဖွင့်မိတော့ Hyg နဲ့ပုံတွေပလူပျံနေတော့သည်...

"ဒါ..ဒါတွေက..."

"အဟွန်း မင်းတို့သာယာနေတဲ့ပုံတွေလေ..."

"အစ်ကိုလေး အဲ့လိုမဟုတ်ဘူး နေ့လည်က ဈေးဝယ်ခနထွက်ရင်းနဲ့ ပါပါရာဇီတွေလိုက်လာတာနဲ့ Hyg မိဘတွေရှိတဲ့ ဘူဆန်ကိုသွားလိုက်တာ...ပြီးတော့.."

"ပါပါရာဇီတွေလိုက်ခံရတာ ငါ့ကိုဘာလို့မဆက်သွယ်လည်း ဘာလို့ Park Jimin လည်း"

"အစ်..အစ်ကိုလေးဆူမှာ..."

"တော်စမ်း Kim Taehyung မင်းအမြဲရွေးချယ်တာ Park Jimin ပဲ အေး မင်းတို့ချစ်သူနှစ်ယောက်ကြားဗီလိန်မလုပ်ချင်ပေမယ့် လုပ်ရတော့မှာပဲ"

"ကျွန်တော်နဲ့ Hyg က ချစ်သူတွေမဟုတ်ဘူး အစ်ကိုလေး မစွပ်စွဲနဲ့"

Jungkook Taehyung နားလျှောက်လာကာ ပါးနှစ်ဖက်ကိုဖိညှစ်ပစ်ရင်း

"ချစ်သူမဟုတ်ရင် ဟော့ဒီပါးတွေကိုနမ်းတာကြည်ကြည်ဖြူဖြူလက်ခံရသလား ဖြေလေ....ဖြေစမ်းပါ ငါ့ကို.."

"အစ်ကိုလေး မရိုင်းနဲ့ ကျွန်တော်..."

Jungkook ကောင်လေးကိုယ်အား အိပ်ရာပေါ်ဆောင့်တွန်းပစ်ကာ

"မလိမ်နဲ့ Kim Taehyung....ငါ့ကိုလိမ်တာငါအမုန်းဆုံးပဲ"

Taehyung လုံးဝကိုပေါက်ကွဲနေတဲ့ အစ်ကိုလေးကိုကြည့်ကာငိုချင်လာသည်...သူဘာလို့မယုံတာလည်း...

"အဟင့်...ဟင့်...ကျွန်တော်ငြင်းခဲ့တယ်လို့ နမ်းတာက ရုတ်တရက်မို့နမ်းခံလိုက်ရတာ ..အဟင့် ဘာလို့မယုံရတာလည်း"

"မင်းတို့ဆက်ဆံရေးက ယုံချင်စရာကောင်းလို့လား လူတိုင်းကိုမေးကြည့် Park Jimin ရဲ့အချစ်တွေပြည့်နေတဲ့မျက်ဝန်းတွေက မင်းအပေါ်ရိုးရိုးသားသားလို့ထင်နေတာ မင်းပဲရှိတယ်...အေး ငါလည်းသတိပေးထားသလိုလုပ်ရမှာပဲ..."

"ဟင့်အင်း ကျွန်တော်သဘောမတူဘူး"

"မနက်ဖြန်ဒီသတင်းကိုငြင်းဖို့ သတင်းစာရှင်းလင်းပွဲလုပ်မယ် တစ်ခါတည်း ငါနဲ့လက်ထပ်ဖို့ပါကြေညာမှာ အဲ့လိုပဲသိထားပေး"

.................

6.2.2021


💜 Lovely Tae 💜 (Completed)Donde viven las historias. Descúbrelo ahora