"ကလေး Hyg လေ ကလေးကိုအရမ်းချစ်တယ်"

ရုတ်တရက်ဒူးထောက်ကာ ချစ်ခွင့်ပန်နေသော Hyg...ဒါဘယ်လိုအခြေအနေကြီးလည်း Taehyung အံ့သြနေကာ ဘာမှမပြောနိုင်...

"ကလေး Hyg ကိုဖြေပါဦး ..."

Taehyung Hyg ကိုဆွဲထူကာထစေလိုက်ပြီး...

"Hyg နောက်တစ်ခါ ဒီလိုမလုပ်ပါနဲ့...Tae ...Tae လေ Hyg ကို Tae အစ်ကိုလိုပဲ..."

"မဖြစ်ရဘူး ကလေး Hyg ကိုအဲ့လို မြန်မြန်ကြီးငြင်းမပစ်ပါနဲ့ Hyg တောင်းပန်ပါတယ် ကလေးဆီက ငြင်းပယ်တာမျိုးကို Hyg ကြားနိုင်စွမ်းမရှိလို့ပါ"

....Hyg ရယ်...

"Tae တောင်းပန်ပါတယ် Hyg "

Jimin လုံးဝဟန်မဆောင်နိုင်တော့ ဒါတစ်သက်လုံးအတွက်ငြင်းခံလိုက်ရတာ အတူရှိချင်တဲ့နေ့ရက်တွေ  အတူရှိချင်မိတဲ့မျှော်လင့်ချက်တွေအကုန်ကျိုးပဲ့ကုန်ပြီ..ချစ်ရတဲ့လူသားက သူ့ကိုချစ်သူလိုမချစ်နိုင်ဘူးလို့မပြောရုံတမယ်...ရက်စက်လိုက်တာ အသက်ရယ်..

"ကလေး....မင်းကွာ....."

Taehyung ကိုကျောခိုင်းကာ မျက်ရည်ကျနေတဲ့ Hyg...Tae အရမ်းကိုအားနာသနားရသည်...အချစ်ဆိုတာသူ့အလိုလိုဖြစ်တည်လာတာကြောင့် နှလုံးသားကို ခိုင်းစေလို့မရ...အမြဲအနားမှာရှိပေးခဲ့တဲ့ Hyg ကို Tae လည်းချစ်ပေးချင်တာပေါ့ ချစ်သူတစ်ယောက်လို..

ဒါပေမယ့် Tae နှလုံးသားတစ်ခုလုံးကို Jeon Jungkook ဆိုတဲ့လူသားဆီမှာမြှုပ်နှံခဲ့ပြီးပြီ...

Taehyung Hyg နောက်ကျောကနေဖက်ပြီး မျက်နှာကို Hyg ပုခုံးပေါ်တင်ကာ ငိုနေမိသည်...

"Tae တောင်းပန်ပါတယ် Hyg ရယ်...Hyg ကိုနာကျင်စေခဲ့မိပြီ...ဟင့်..."

..............

Jungkook ကောင်လေးကို Ph ခေါ်နေတာ လုံးဝခေါ်လို့မရ...ဧရိယာပြင်ပသာရောက်နေသည်...

"တောက်...ဘယ်သွားနေတာလည်းကွာ.."

မဟုတ်မှ သူ့ဆီကထွက်သွားတာများလား...မဟုတ်လောက်ပါဘူး ကောင်လေးက ထွက်ပြေးမယ့်သူမဟုတ်လောက်ပါဘူး...

"မဟုတ်ဘူး ထွက်သွားချင်ရင်တောင်ထွက်သွားခွင့်မပြုနိုင်ဘူး"

💜 Lovely Tae 💜 (Completed)Where stories live. Discover now