"ကျစ်...နေမကောင်းတာကိုဘယ်သွားနေတာလည်း..."

................

"Tae လေး လေညင်းခနခံမလား"

ဘူဆန်က Hyg မိဘအိမ်ကနေလာခေါ်ပြီးအပြန်လမ်းမှာဖြစ်သည်...မှောင်ရိပ်လည်းတဖြည်းဖြည်းသန်းလာရာ လမ်းမှာအသွားအလာကျဲနေသည်...

Hyg မိဘတွေက Tae ရုတ်တရက်ရောက်သွားတာကို ပျူငှာစွာကြိုဆိုကြသည်...Hyg ပြန်လာတုန်းက ခနခနလိုက်လည်ဖူးတာကြောင့် Tae ကိုဆိုသားလေးလိုချစ်ပေးကြသည်...

"အင်း Hyg"

Taehyung တို့ကလူအများရှုတ်တဲ့အချိန်တွေမှာ သာမာန်လူလိုနေခွင့်မရ...ကိုယ်ဘာပဲလုပ်လုပ် သတင်းထဲတန်းပါတာကြောင့် အခုလိုမှောင်ရိုးရီအချိန်တို့ဘာတို့မှသာ အပြင်ထွက်လေညှင်းခံတာလုပ်ရသည်...

အခုလည်း ဆိုးလ်မဟုတ်တာသိပေမယ့် ပြန်ရောက်ရင်ဆူခံရဦးမှာကိုတွေးမိတိုင်းရင်မောနေရတာကြောင့် စိတ်ပြေလက်ပျောက်လေညှင်းခံချင်မိခြင်း....

"Tae လေး ဘာတွေတွေးနေတာလည်း"

"Hyg ကို အားနာလိုက်တာ အလုပ်ရှုတ်စေမိပြီ.."

Hyg က ခေါင်းလေးကိုဖွလာသည်...

"မဟုတ်တာ Tae လေးအတွက်ဆိုတစ်ခါမှဝန်ထုပ်ဝန်ပိုးမဖြစ်ဖူးဘူး "

Jimin ကလေးလေးမျက်နှာကိုငေးကြည့်နေမိသည်..ဒီလူသားလေးသာ သူ့ကောင်းကင်မှာသာခွင့်ရမယ့်လမင်းသာဆို ဘယ်လောက်ကောင်းလိုက်မလဲ...
ပါပါရာဇီကိုတောင်ကြံဖန်ကျေးဇူးတင်မိသည်..ဒီလိုအချိန်ကောင်းလေးရဖို့မလွယ်ပေ...

ချမ်းနေပုံရတဲ့ကလေးကြောင့် ကလေးကိုပေးရန်ရည်ရွယ်ထားတဲ့မာဖလာလေးကိုပတ်ပေးမိတော့ အပြုံးဖွဖွလေးလက်ဆောင်ပြန်ရသည်...

ချစ်တယ်အဲ့ဒီအပြုံးလေးတွေကို....ထာဝရဘေးနားမှာထားပြီးကြည့်နေချင်မိသည်...

"ကလေး..."

"......"

Jimin ကိုငေးကြည့်လာတဲ့မျက်နှာလေး...

စိတ်မထိန်းနိုင်စွာ ဖောင်းအိအိပါးလေးပေါ်အနမ်းတစ်ပွင့်ပေးမိတော့...

"Hyg..."

လန့်သွားတဲ့ကလေးငယ်က ပါးလေးကိုအုပ်ကိုင်ပြီးတအံ့တသြခေါ်လာသည်...

💜 Lovely Tae 💜 (Completed)Where stories live. Discover now