Taehyung လန့်သွားကာ Ph ထုတ်ကြည့်တော့ အစ်ကိုလေးဆီက ph call များစွာဝင်ထားသည်..Internet ဖွင့်မိတော့ Hyg နဲ့ပုံတွေပလူပျံနေတော့သည်...
"ဒါ..ဒါတွေက..."
"အဟွန်း မင်းတို့သာယာနေတဲ့ပုံတွေလေ..."
"အစ်ကိုလေး အဲ့လိုမဟုတ်ဘူး နေ့လည်က ဈေးဝယ်ခနထွက်ရင်းနဲ့ ပါပါရာဇီတွေလိုက်လာတာနဲ့ Hyg မိဘတွေရှိတဲ့ ဘူဆန်ကိုသွားလိုက်တာ...ပြီးတော့.."
"ပါပါရာဇီတွေလိုက်ခံရတာ ငါ့ကိုဘာလို့မဆက်သွယ်လည်း ဘာလို့ Park Jimin လည်း"
"အစ်..အစ်ကိုလေးဆူမှာ..."
"တော်စမ်း Kim Taehyung မင်းအမြဲရွေးချယ်တာ Park Jimin ပဲ အေး မင်းတို့ချစ်သူနှစ်ယောက်ကြားဗီလိန်မလုပ်ချင်ပေမယ့် လုပ်ရတော့မှာပဲ"
"ကျွန်တော်နဲ့ Hyg က ချစ်သူတွေမဟုတ်ဘူး အစ်ကိုလေး မစွပ်စွဲနဲ့"
Jungkook Taehyung နားလျှောက်လာကာ ပါးနှစ်ဖက်ကိုဖိညှစ်ပစ်ရင်း
"ချစ်သူမဟုတ်ရင် ဟော့ဒီပါးတွေကိုနမ်းတာကြည်ကြည်ဖြူဖြူလက်ခံရသလား ဖြေလေ....ဖြေစမ်းပါ ငါ့ကို.."
"အစ်ကိုလေး မရိုင်းနဲ့ ကျွန်တော်..."
Jungkook ကောင်လေးကိုယ်အား အိပ်ရာပေါ်ဆောင့်တွန်းပစ်ကာ
"မလိမ်နဲ့ Kim Taehyung....ငါ့ကိုလိမ်တာငါအမုန်းဆုံးပဲ"
Taehyung လုံးဝကိုပေါက်ကွဲနေတဲ့ အစ်ကိုလေးကိုကြည့်ကာငိုချင်လာသည်...သူဘာလို့မယုံတာလည်း...
"အဟင့်...ဟင့်...ကျွန်တော်ငြင်းခဲ့တယ်လို့ နမ်းတာက ရုတ်တရက်မို့နမ်းခံလိုက်ရတာ ..အဟင့် ဘာလို့မယုံရတာလည်း"
"မင်းတို့ဆက်ဆံရေးက ယုံချင်စရာကောင်းလို့လား လူတိုင်းကိုမေးကြည့် Park Jimin ရဲ့အချစ်တွေပြည့်နေတဲ့မျက်ဝန်းတွေက မင်းအပေါ်ရိုးရိုးသားသားလို့ထင်နေတာ မင်းပဲရှိတယ်...အေး ငါလည်းသတိပေးထားသလိုလုပ်ရမှာပဲ..."
"ဟင့်အင်း ကျွန်တော်သဘောမတူဘူး"
"မနက်ဖြန်ဒီသတင်းကိုငြင်းဖို့ သတင်းစာရှင်းလင်းပွဲလုပ်မယ် တစ်ခါတည်း ငါနဲ့လက်ထပ်ဖို့ပါကြေညာမှာ အဲ့လိုပဲသိထားပေး"
YOU ARE READING
💜 Lovely Tae 💜 (Completed)
FanfictionTae ဆိုတဲ့ကောင်လေးက ကျွန်တော်ပိုင်တဲ့အရုပ်ပဲ အဲ့ဒီအရုပ်လေးကို အလှကြည့်နေချင်တဲ့ဆန္ဒထဲမှာ ပိုင်ဆိုင်ချင်တဲ့အတ္တအနည်းငယ်ပါလာတဲ့အခါ အချစ်လို့ခေါင်းစဉ်တပ်လို့ရမလား..ဒါဆို Tae ကိုချစ်နေပါတယ်ပေါ့ Jeon Jungkook ဘဝတစ်ခုလုံးကို ငွေနဲ့လဲပြီးဝယ်ထားတယ်ဆိုတိုင်း...
Part-12
Start from the beginning
