ဧည့်ခန်းမှာဆင်းစောင့်နေမိသည်...ည ၈ နာရီတောင်ထိုးနေပြီ အခုထိကောင်လေးကပြန်မလာ..
လိုင်းဖွင့်ကာကြည့်နေမိသည်...နိုင်ငံကျော် Model ဆိုတော့ ဘယ်ရောက်ရောက် သတင်းလေးဘာလေးများတက်မလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့...
"ဟင်"
Model V နဲ့ CEO Park တို့ရဲ့ လျှို့ဝှက် Date ....
ပုံတွေက အနည်းငယ်ဝါးနေကာ Jimin က ကောင်လေးပါးကို နမ်းနေတဲ့ပုံရယ် နောက်တစ်ပုံကဒူးထောက်နေပုံရသည်...နောက်တစ်ပုံမှာကျ ကောင်လေးက Jimin ကို နောက်ကျောကနေသိုင်းဖက်ထားကာ ခေါင်းလေးတင်ထားသည်...
"တောက်"
ခွမ်း...
ခလွမ်း...
Jungkook လက်ထဲက ph အားနံရံဆီပေါက်ခွဲမိသည်..တစ်ခုခုဆုံးရှုံးသွားသလိုခံစားချက်ကြီးက ရင်ထဲလုံးဝတင်းကျပ်နေသည်...
ဒီလူကသာအရူးလိုစိတ်တွေပူနေတာ ကောင်လေးက Date နေတယ်တဲ့လား...
..အဟား Kim Taehyung က Jeon Jungkook ကိုလုံးဝဂရုမစိုက်တာပဲ....
"တွေ့ကြသေးတာပေါ့ သတ္တိကောင်းနေတဲ့ကောင်လေးရာ"
..........
Taehyung အိမ်ထဲဝင်လာတော့ တစ်အိမ်လုံးတိတ်ဆိတ်နေကာ ကြက်သီးတောင်ထရလောက်သည်...မိမိကအမှားလုပ်ထားသူမို့ ဒီအခြေအနေကြီးကိုကျောချမ်းလှသည်...
...အစ်ကိုလေးနဲ့မဆုံချင်..ဟင့်အင်းမဆုံအောင်ရှောင်ရမည်...
"သူအိပ်နေလောက်ပြီမလား"
Taehyung Jungkook အခန်းဘက်ချောင်းကြည့်ပြီး ဘာမှထူးခြားတာမတွေ့မှ အခန်းတံခါးအသာလေးဖွင့်ပြီးဝင်ခဲ့လိုက်သည်..
"အိုး အမေ့"
Jeon Jungkook ...
ဟုတ်သည် Taehyung အိပ်ရာပေါ်မှာ မိန့်မိန့်ကြီးထိုင်နေကာ မီးတောက်နေတဲ့မျက်ဝန်းများနှင့်ကြည့်နေတဲ့ အစ်ကိုလေးရယ်ပါ...
"ဟို အစ်ကိုလေး..."
"ပျော်လာခဲ့သလား Kim Taehyung"
"အစ်..အစ်ကိုလေး ဘာကိုဆိုလို..."
"မင်းအကောင်နဲ့သွားတွေ့ပြီးပြန်လာတာငါတင်မကဘူး တစ်နိုင်ငံလုံးသိပြီးပြီ...ဘာလည်း လိမ်ချင်သေးတာလား Jeon Jungkook ကိုမင်းလှည့်စားလို့ရမယ်လို့ထင်နေတာလား"
YOU ARE READING
💜 Lovely Tae 💜 (Completed)
FanfictionTae ဆိုတဲ့ကောင်လေးက ကျွန်တော်ပိုင်တဲ့အရုပ်ပဲ အဲ့ဒီအရုပ်လေးကို အလှကြည့်နေချင်တဲ့ဆန္ဒထဲမှာ ပိုင်ဆိုင်ချင်တဲ့အတ္တအနည်းငယ်ပါလာတဲ့အခါ အချစ်လို့ခေါင်းစဉ်တပ်လို့ရမလား..ဒါဆို Tae ကိုချစ်နေပါတယ်ပေါ့ Jeon Jungkook ဘဝတစ်ခုလုံးကို ငွေနဲ့လဲပြီးဝယ်ထားတယ်ဆိုတိုင်း...
Part-12
Start from the beginning
