Tae ကြောက်နေပြီဖြစ်သည်...
"မဟုတ်ဘူး...Hyg က အရေးကြီးပြောစရာရှိတယ်ဆိုလို့ ခန သွားမိတာပါ...အစ်ကိုလေးကို ဂရုမစိုက်တာ..မဟုတ်ရပါဘူး.."
"အဲ့ကောင် ဘာပြောလိုက်တာလည်း အရေးကြီးစကားဆိုတော့ ဘာလည်း မင်းကို..."
"ဟို ကျွန်တော့်ကို အစ်ကိုလေး Ent မှာပြောင်းနေဖို့ပါ "
Jungkook စဉ်းစားနေသယောင်ပြုကာ...
"အဲ့တာပဲလား...ဒါဆိုဘာလို့ ဒီလောက်ကြာနေတာလည်း.."
"Hyg က ဟင်းချက်ကျွေးတာနဲ့ ညစာစားရင်းကြာသွားတာပါ..."
"ငါ့ခေါ်တာကျ ဂရုမစိုက်ပဲ...မင်းအကောင်နဲ့..."
"နောက်မဖြစ်စေရပါဘူး...တောင်းပန်ပါတယ်..."
Jungkook စကားကို Taehyung အရဲစွန့်ကာဖြတ်ပြောလိုက်တော့ ခက်ထန်စူးရဲနေသောမျက်လုံးတို့မှာ Taehyung မျက်လုံးတွေထဲစူးစိုက်ကြည့်ကာ
"သေချာလား"
"ဟုတ်ကဲ့ သေချာပါတယ်.."
"ကောင်းပြီလေ ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ"
လှေကားပေါ်တက်သွားသော Jungkook နောက်ကျောပြင်အားကြည့်ရင်း Taehyung သိချင်နေတဲ့အရာကိုမေးဖို့ပြင်လိုက်သည်..
"အစ်ကိုလေး...."
ကောင်လေးခေါ်သံကြောင့် လှေကားထိပ်ရောက်မှ ခြေလှမ်းတို့ရပ်တန့်နေမိရင်း...
"ဘာလို့ ကျွန်တော်က အစ်ကိုလေး Ent ဆီပြောင်းလာရမှာလည်းဟင်..Hyg ဆီမှာ စာချုပ်သက်တမ်းမပြည့်သေးဘူးမလား"
"မင်းကမလာချင်ဘူးလား"
"မဟုတ်ဘူး အဲ့လို စာချုပ်က..."
"ဘာလို့ အဲ့လိုချုပ်ထားတာလည်း..."
"ဟမ်..."
Taehyung နားမလည် သူဘာကို...
"ဘာလို့ မင်းရဲ့ဝါသနာ မင်းရဲ့ဘဝနဲ့ရင်းပြီးချုပ်ထားရတာလည်းလို့မေးနေတာ.."
Taehyung သဘောပေါက်သွားရပြီ...သူနဲ့ Hyg ကြားက သဘောတူစာချုပ်ကိုပြောနေတာ Hyg က ဘာလို့အဲ့လိုလုပ်မှန်းမသိပေမယ့် သူ Hyg ကိုယုံကြည်တာမလို့ မဆိုင်းမတွပင်လတ်မှတ်ထိုးခဲ့တာ...
BẠN ĐANG ĐỌC
💜 Lovely Tae 💜 (Completed)
FanfictionTae ဆိုတဲ့ကောင်လေးက ကျွန်တော်ပိုင်တဲ့အရုပ်ပဲ အဲ့ဒီအရုပ်လေးကို အလှကြည့်နေချင်တဲ့ဆန္ဒထဲမှာ ပိုင်ဆိုင်ချင်တဲ့အတ္တအနည်းငယ်ပါလာတဲ့အခါ အချစ်လို့ခေါင်းစဉ်တပ်လို့ရမလား..ဒါဆို Tae ကိုချစ်နေပါတယ်ပေါ့ Jeon Jungkook ဘဝတစ်ခုလုံးကို ငွေနဲ့လဲပြီးဝယ်ထားတယ်ဆိုတိုင်း...
Part-8
Bắt đầu từ đầu
