Jimin ထွက်သွားတော့ သူပါလှည့်ထွက်သွားဖို့လုပ်သည်..
...ဒါ Jeon Jungkook ကိုဂရုမစိုက်ဘူးဆိုတဲ့သဘော....
"Kim Taehyung"
ခြေလှမ်းတို့ရပ်ပြီးလှည့်ကြည့်လာသည်.....
"မနေ့ညက..."
"ဘာမှမဖြစ်ပါဘူးအစ်ကိုလေး ကျွန်တော်က အစ်ကိုလေးရဲ့အရုပ်လိုဖြစ်နေတာမို့ ပြောချင်တာပြော ဆိုချင်တာဆို အားနာဖို့မလိုပါဘူး တောင်းပန်ဖို့လည်းမလိုဘူး ခွင့်ပြုပါဦး"
Jungkook ထွက်သွားခဲ့ပြီဖြစ်သော ကျောပြင်လေးအားကြည့်ကာ ဆွံ့အကျန်ခဲ့ရသည်..
...ဘာလည်း ဒါသူ့ကိုရွဲ့ပြောသွားတာမလား....
................
Unicode....
"ရောက်ပြီလား..."
Taehyung တံခါးကိုဖြည်းဖြည်းလေးဖွင့်ကာ တစ်ကိုယ်စာလေးပွင့်တော့အသံမထွက်အောင်ဝင်လိုက်ရင်း တိတ်တိတ်ကလေးပိတ်နေတုန်း အနောက်ကအသံကြောင့် လူကထိတ်ခနဲ...
..ဘာလည်း သူစောင့်နေခဲ့တာလား...
တစ်ကိုယ်လုံးလှည့်လိုက်ရင်း အပြစ်လုပ်ထားမိသူမို့ ကြောက်ရွံ့စွာ ကြည့်မိရင်း ဒေါသထွက်နေတဲ့မျက်လုံးတို့ကိုမြင်တော့ အထိတ်တလန့်နဲ့ခေါင်းကိုငုံ့ထားမိသည်...
Jungkook သူ့အရှေ့ကနေ ခေါင်းငုံ့ကာရပ်နေတဲ့ ကောင်လေးကိုကြည့်ကာ ပိုစိတ်တိုလာသည်..
..Kim Taehyung က လူကိုဂရုမစိုက်ဘူးပဲ..လုပ်ချင်ရာလုပ်တာ....
"ပြောစမ်းပါဦး ဘယ်ကနေ ဘယ်သူနဲ့တွေ့ပြီး ပြန်လာတာလည်း..."
"........"
သူ့အသံကြောင့် လူကပို၍ပင်လန့်နေမိကာ ဘာစကားမှမထွက်တော့...
"Kim Taehyung မင်းကဘာလည်း အ သွားတာလား ငါ့ကို ဂရုမစိုက်တာလား မေးရင်ဖြေလေ..."
"ဟို...ဟိုလေ Hyg က ..."
"အော် Jimin နဲ့အခုအချိန်ထိအတူရှိနေပြီးမှ ပြန်လာခဲ့တယ်ပေါ့...မင်းကို ငါချက်ချင်းပြန်လာဖို့ပြောတယ်မလား..မင်းကငါ့ကိုသောက်ဂရုမစိုက်တာလား ..."
YOU ARE READING
💜 Lovely Tae 💜 (Completed)
FanfictionTae ဆိုတဲ့ကောင်လေးက ကျွန်တော်ပိုင်တဲ့အရုပ်ပဲ အဲ့ဒီအရုပ်လေးကို အလှကြည့်နေချင်တဲ့ဆန္ဒထဲမှာ ပိုင်ဆိုင်ချင်တဲ့အတ္တအနည်းငယ်ပါလာတဲ့အခါ အချစ်လို့ခေါင်းစဉ်တပ်လို့ရမလား..ဒါဆို Tae ကိုချစ်နေပါတယ်ပေါ့ Jeon Jungkook ဘဝတစ်ခုလုံးကို ငွေနဲ့လဲပြီးဝယ်ထားတယ်ဆိုတိုင်း...
Part-8
Start from the beginning
