"ဟုတ်တယ်လေ မင်းဘဲအဓိပ္ပါယ်မရှိတဲ့ စာချုပ်တွေလတ်မှတ်ထိုးရတာဝါသနာပါတယ်မဟုတ်လား"
"အစ်ကိုလေး မခနဲ့ပါနဲ့...အဲ့တုန်းက ဒီလိုအလျော်အစားကိုရေးမှမထားတာ သဘောမတူဘူး"
"ဒါဆို မလျော်ချင်ရင် ဟိုကောင်နဲ့အနေအထိုင်ဆင်ခြင် မင်းတို့သတင်းထွက်တာနဲ့ ငါနဲ့လက်ထပ်ရမယ်လို့သာမှတ်ထားလိုက်"
ဒါဘယ်လိုကြီးလည်း ..အစ်ကိုလေးရူးနေတာလား ဘယ်လိုပဲလုပ်လုပ်သူ့အတွက်အကျိုးမရှိ...
"မင်းကငါ့အပိုင်ဆိုတဲ့အချက်လည်းခေါင်းထဲထည့်ထား"
"ကျွန်တော်က အရုပ်မဟုတ်ဘူး"
"အထွန့်မတက်နဲ့ Kim Taehyung ငါ့စကားနားထောင်"
"နားထောင်တော့ဘာရမှာလည်း အစ်ကိုလေးစကားနားထောင်ထောင်မထောင်ထောင် ကျွန်တော့်အတွက်ဘာထူးခြားသွားမှာမလို့လည်း"
"နားထောင်ရင် တန်ဖိုးကြီးတာပြန်ရမယ်...အဲ့လိုပဲသိထားလိုက်...နားတော့"
"ဟင့်အင်း ဝမ်သိန်းတစ်ရာလျော်ပြီးထွက်သွားမှာ"
Taehyung စကားကြောင့် Jungkook လှေကားကနေပြန်ဆင်းလာကာ Taehyung မျက်နှာအားသန်မာတဲ့လက်တွေနဲ့ညှစ်လိုက်ရင်း...
"မင်းက ငယ်ငယ်ကတည်းကစောင့်ရှောက်ခဲ့တဲ့ အန်ကယ်ကြီးနဲ့တီတီလေးကို ဒီလိုကျေးဇူးဆပ်မလို့လား ဟမ် ...ဝမ်သိန်းတစ်ရာလျော်လိုက်တာနဲ့ပြီးသွားရောလား..မင်းလိုကောင်မျိုးကို အဲ့တုန်းကရင်းစောင့်ရှောက်ထားတာ အခုလိုကျေးဇူးကန်းဖို့မဟုတ်ဘူးနားလည်လား တောက်..."
"အဟွတ်...ဟွတ်..."
Jungkook ရဲ့လက်တွေကနေလွတ်မြောက်မှ ဖိညှစ်ခံထားရလို့နာနေတဲ့မျက်နှာအားလက်လေးနဲ့လိုက်စမ်းမိရင်း မျက်ရည်တို့ဝေ့တက်လာရသည်...
သူ့ရှေ့မှာမငိုချင်တာကြောင့် အခန်းထဲသို့ပြေးဝင်ခဲ့ရသည်...
Jungkook အခန်းထဲရောက်တော့ ဒေါသကြောင့် ရေပန်းကိုဖွင့်ချကာထိုင်နေမိသည်...မျက်ဝန်းတို့အားမှေးမှိတ်လိုက်တော့ မျက်ရည်တွေဝေ့သီနေတဲ့ ကောင်လေးမျက်နှာကပေါ်လာသည်...
YOU ARE READING
💜 Lovely Tae 💜 (Completed)
FanfictionTae ဆိုတဲ့ကောင်လေးက ကျွန်တော်ပိုင်တဲ့အရုပ်ပဲ အဲ့ဒီအရုပ်လေးကို အလှကြည့်နေချင်တဲ့ဆန္ဒထဲမှာ ပိုင်ဆိုင်ချင်တဲ့အတ္တအနည်းငယ်ပါလာတဲ့အခါ အချစ်လို့ခေါင်းစဉ်တပ်လို့ရမလား..ဒါဆို Tae ကိုချစ်နေပါတယ်ပေါ့ Jeon Jungkook ဘဝတစ်ခုလုံးကို ငွေနဲ့လဲပြီးဝယ်ထားတယ်ဆိုတိုင်း...
Part-8
Start from the beginning
