"သေချာလား"
"ဟုတ်ကဲ့ သေချာပါတယ်.."
"ကောင်းပြီလေ ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ"
လှေကားပေါ်တက်သွားသော Jungkook နောက်ကျောပြင်အားကြည့်ရင်း Taehyung သိချင်နေတဲ့အရာကိုမေးဖို့ပြင်လိုက်သည်..
"အစ်ကိုလေး...."
ကောင်လေးခေါ်သံကြောင့် လှေကားထိပ်ရောက်မှ ခြေလှမ်းတို့ရပ်တန့်နေမိရင်း...
"ဘာလို့ ကျွန်တော်က အစ်ကိုလေး Ent ဆီပြောင်းလာရမှာလည်းဟင်..Hyg ဆီမှာ စာချုပ်သက်တမ်းမပြည့်သေးဘူးမလား"
"မင်းကမလာချင်ဘူးလား"
"မဟုတ်ဘူး အဲ့လို စာချုပ်က..."
"ဘာလို့ အဲ့လိုချုပ်ထားတာလည်း..."
"ဟမ်..."
Taehyung နားမလည် သူဘာကို...
"ဘာလို့ မင်းရဲ့ဝါသနာ မင်းရဲ့ဘဝနဲ့ရင်းပြီးချုပ်ထားရတာလည်းလို့မေးနေတာ.."
Taehyung သဘောပေါက်သွားရပြီ...သူနဲ့ Hyg ကြားက သဘောတူစာချုပ်ကိုပြောနေတာ Hyg က ဘာလို့အဲ့လိုလုပ်မှန်းမသိပေမယ့် သူ Hyg ကိုယုံကြည်တာမလို့ မဆိုင်းမတွပင်လတ်မှတ်ထိုးခဲ့တာ...
"Hyg ကိုယုံလို့..."
Jungkook ကောင်လေးအဖြေကြောင့် ရင်ထဲဆစ်ခနဲ..
...ဘာလည်း Kim Taehyung က Park Jimin အပေါ်တွယ်တာနေတာလား...
"အဲ့ဒီအဓိပ္ပါယ်မရှိတဲ့ အလျော်အစားကိုမင်းသိရဲ့နဲ့ဘာလို့လုပ်ခဲ့တာလဲ"
"ကျွန်တော်က အဓိပ္ပါယ်မရှိတဲ့ စာချုပ်တွေမှာ လတ်မှတ်ထိုးရတာ ကျွမ်းကျင်နေပြီလေ.."
...ကျစ် ဒီကောင်လေး သူ့ကိုရွဲ့နေတာ...
"မင်းက ငါနဲ့ လွန်ခဲ့တဲ့ 7 နှစ်ကချုပ်ထားတဲ့စာချုပ်ကိုဆိုလိုတာထင်တယ် ဒါဆိုမင်းစာချုပ်ပါအချက်အလက်တွေကို ကောင်းကောင်းမှတ်မိနေမှာပေါ့...Model V Dating New ဆိုတာနဲ့ မင်းအဲ့ဒီစာချုပ်ကိုဖျက်လိုက်တာပဲ...အလျော်အစားကဘာလည်းသိလား"
Jungkook စကားကြောင့် Taehyung သိချင်စိတ်နဲ့ မျက်ဝန်းလေးတွေတလက်လက်...
"ငါနဲ့လက်ထပ်ရမယ်"
"ဘာ..အဓိပ္ပါယ်မရှိတာ"
YOU ARE READING
💜 Lovely Tae 💜 (Completed)
FanfictionTae ဆိုတဲ့ကောင်လေးက ကျွန်တော်ပိုင်တဲ့အရုပ်ပဲ အဲ့ဒီအရုပ်လေးကို အလှကြည့်နေချင်တဲ့ဆန္ဒထဲမှာ ပိုင်ဆိုင်ချင်တဲ့အတ္တအနည်းငယ်ပါလာတဲ့အခါ အချစ်လို့ခေါင်းစဉ်တပ်လို့ရမလား..ဒါဆို Tae ကိုချစ်နေပါတယ်ပေါ့ Jeon Jungkook ဘဝတစ်ခုလုံးကို ငွေနဲ့လဲပြီးဝယ်ထားတယ်ဆိုတိုင်း...
Part-8
Start from the beginning
