Part- 19

6.4K 632 51
                                    

[Unicode]
မင်္ဂလာဦးဆောင်းချွတ်ပေးမဲ့ သူတောင်မရှိတဲ့ သူမက ရောက်မလာမဲ့သူကို စောင့်မျှော်နေရင်း မင်္ဂလာဦးညကို ကျော်ဖြတ်ရတယ်။

ရုပ်ချောပေမဲ့ အကျည်းတန်တဲ့စိတ်က သူမကို ဖျက်စီးတယ်။သလွန်တော်ထောင့်မှာထိုင်ရင်း မလာမဲ့သူကိုမျှော်ပြီး ညတာကို ဖြတ်ကျော်ခဲ့ရတဲ့သူမဟာ နန်းတွင်းသူကြားမှာ လှောင်ရယ်စရာပဲ။

"ဟေ့ နင်တို့သိလား။ညကလေ ကွေ့ဖေးမယ့မယ်ဆီကို မင်းကြီးသွားတယ်တဲ့။ပြီးတော့လေ ကွေ့ဖေးမယ်မယ်နဲ့ အိပ်ဆောင်ဝင်တယ်တဲ့။နတ်ဆရာမပြောပုံအရဆို နန်းသွေးလေးရှိလာမှာတဲ့"

"မိဖုရားဆီ မလာဘူးတဲ့။ဦးဆောင်းတောင် ကိုယ့်ဘာသာဖြုတ်ရတယ် ကြားတယ်။ "

"လှည့်တောင်မကြည့်ပါဘူးဆို။မနေ့က ပွဲတော်မှာကတည်းက အရိပ်တကြည့်ကြည့်နဲ့ ကွေ့ဖေးကို ဂရုစိုက်နေတာ"

"ကောင်းတယ်။ငါကတော့ ကွေ့ဖေးနဲ့ မင်းကြီးနဲ့ကို သဘောတူတယ်။ကွေ့ဖေးက အေးစက်စက်နေတာကလွဲရင် အရည်အချင်းရှိတယ်။ငါတို့ကိုလည်း မဆူဘူး။သဘောထားပြည့်တယ်။မင်းကြီးကလည်း ကြင်ယာတော်ဘဝတည်းက ဂရုစိုက်တာနော်။အားကျစရာကြီး။"

ကွေ့ဖေးမယ်မယ်နားမှာ အနီးကပ် တာဝန်ယူစောင့််ရှောက်ရတဲ့ နန်းတွင်းသူအပျိုတော်စကားကို အားကျသလို အကြည့်တွေနဲ့ နားထောင်နေကြတယ်။ကွေ့ဖေးရဲ့လူဆိုတာနဲ့ အနီးကပ်စောင့်ရှောက်ရတဲ့ သူမပြောနဲ့။နန်းဆောင်က သန့်ရှင်းရေးတောင် အားကျတဲ့အထိ ကွေ့ဖေးမယ်မယ်ကို အလုပ်အကျွေးပြုချင်ကြတယ်။

ကွေ့ဖေးရဲ့ဂုဏ်ကြောင့်သာ ကွေ့ဖေးနန်းဆောင်ကသူတွေ မျက်နှာချီပြီး နေနိုင်တာမဟုတ်လား။

💖💖💖💖💖💖💖💖💖💖💖💖

"အ့...ကျွတ်စ် ကျွတ်စ်"

တအင့်အင့် ညည်းငြူနေရင်း နိုးလာတဲ့
ကျန့်ကို နန်းတွင်းသူတွေက အပြေးလေးတွဲထူရတယ်။ခါးကို ထိန်းကိုင်ရင်း ဖြည်းဖြည်းချင်း ထလာသူသည် ခါးမှနာကျင်မှုကိုလည်း ခံစားရမှာအသေအချာပင်။

သလွန်တော်အခင်းပေါ်က အနီရောင်နဲ့အဖြူရောင်အကွက် တစ်ချို့က မနေ့ကမင်းကြီးအိပ်ဆောင်ဝင်တဲ့ သက်သေတွေ။ပြန့်ကျဲနေတဲ့ မင်္ဂလာဝတ်ရုံတွေကိုတော့ ထည့်မပြောတော့ပါဘူး။

𝐑𝐄𝐕𝐄𝐍𝐆𝐄 ( 𝐒𝐞𝐚𝐬𝐨𝐧-𝟏 ) ( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now