Part- 5

7.5K 712 35
                                    

[Unicode]
နန်းတော်၏ တောင်ဘက်ကိုယ်လုပ်တော်များထားရာ နေရာဝယ် ကိုယ်လုပ်တော်အသစ်များဖြင့် စည်းကားနေလေသည်။အခမ်းအနားပွဲ၌ ပင်ပန်းခဲ့ကြသည်မို့ အနားယူရန် ပြင်ဆင်နေခဲ့ကြသည်။ခနအကြာဝယ် အဆောင်တော်များ တိတ်ဆိတ်ခြင်းသာ ကြီးစိုးသွားတော့သည်။သို့သော်လည်း အဆောင်တစ်ခု၌ ဆူညံသံများ ထွက်ပေါ်နေခဲ့သည်။ကိုယ်လုပ်တော်များကား အနားယူနေပြီဖြစ်ရာ ထိုအဆောင်တော်၏ ဆူညံမှုကို မကြားသိနိုင်ခဲ့ပေ။

ထိုအဆောင်ကား ဇာတ်လိုက်မတစ်ဖြစ်လည်း ပိုင်ချင်းအာဆိုသော ကိုယ်လုပ်တော်ပိုင်၏ အဆောင်တော်ပင်ဖြစ်သည်။

" ဝုန်း ခလွမ်း "

"မယ်မယ် စိတ်ထိန်းပါ။ စိတ်လျှော့တော်မူပါ "

"တောက် ...သူ့လိုမိန်းမလိုမိန်းမရကများ ငါ့ကို ပြောရဲရတယ်လို့ "

သောင်းကျန်းနေရခြင်း အကြောင်းအရင်းမှာတော့ အခမ်းအနားပွဲ၌ အရှက်ခွဲခံရခြင်းပင် ဖြစ်လေသည်။ပိုင်ချင်းအာကား မိမိအပေါ် အာဏာသုံးကာ မထိတထိဖြင့် အနိုင်ပိုင်းသွားသော ကြင်ယာတော်ကို အမျက်ချောင်းချောင်း ထွက်နေလျက်။

"ရှောင်အာကိုခေါ်ခဲ့စမ်း "

အစေခံများကြား ချုပ်လျက် ပါလာသော ရှောင်အာဆိုသူသည် ကြင်ယာတော်ကို အရှက်ရစေရန် ခိုင်းစေထားသော အစေခံပင်ဖြစ်ချေသည်။သူမကား တုန်တုန်ယင်ယင်နှင့် ဒူးထောက်လျက်သား တောင်းပန်လျက်ရှိသည်။

"ခွင့်...ခွင့်လွှတ်ပေးပါ သခင်မလေး "

သူမကား အလွန်ပင်ထိတ်လန့်ကြောက်ရွံ့လျက်ရှိပြီး "ခွင့်လွှတ်ပေးပါ"ဆိုသောစကားကိုသာ အထပ်ထပ်ပြောနေလျက်ရှိသည်။ပိုင်ချင်းအာကာ ဂရုမစိုက်ဟန်ဖြင့် မျက်နှာကိုမဲ့ကာ ရှောင်အာကို တစ်ခုခုခိုင်းစေလိုက်လေသည်။

ရှောင်အာသည် အလွန်ဝမ်းသာသွားဟန်ဖြင့် ကျေးဇူးစကားကိုသာ အထပ်ထပ်ဆိုလျက်ရှိသည်။

"ကျေး...ကျေးဇူးတင်ပါတယ် သခင်မလေး "

ထို့နောက်ပိုင်ချင်းအာသည် အစေခံအားလုံးကို ထွက်သွားရန် လက်ဟန်ခြေဟန်ပြလိုက်သည်။အားလုံးထွက်သွားသည့် အခါမှသာ ကျေနပ်သောအသံဖြင့် တစ်ခုခုကိုဆိုလိုက်သည်။

𝐑𝐄𝐕𝐄𝐍𝐆𝐄 ( 𝐒𝐞𝐚𝐬𝐨𝐧-𝟏 ) ( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now