Part- 12

6.6K 657 22
                                    

[Unicode]
လန်ကျန့်သည်သူ၏ စကားကို ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေသော အဘွားအိုကို သိလိုသည်များမေးရန် ပြင်လိုက်သည်။

"အဘွားတို့က ဒီမှာနေကြတာလား။ဒါက ဘယ်နေရာလဲဟင် "

"ဒီနေရာက ဝမ်မျိုးနွယ်တွေ သေဆုံးတဲ့အခါ မြှုပ်နှံတဲ့နေရာပါ။အဘွားတို့ တစ်ရွာလုံးက သမားတော်မျိုးနွယ်ပါ။"

"ဒါဆို ဝမ်နိုင်ငံသားတွေပေါ့ "

"ဟုတ်တယ် ကောင်လေး။အဘွားတို့က ချီစန်းဝမ်တိုင်းပြည်ကပါ။အဘွားတို့ သမားတော်မျိုးနွယ်တွေ နေတဲ့နေရာကို ဓားပြတွေဝင်စီးသွားလို့ အဘွားတို့ဒီမှာ လာနေရတာပါ။"

"တော်ဝင်မျိုးနွယ်က ဖြေရှင်းမပေးဘူးလား။အဘွား"

"မဖြေရှင်းပေးပါဘူးကွယ်။အဘွားတို့က ဆေးပညာတက်ပေမဲ့ အသုံးမဝင်တော့တဲ့ လူအိုတွေဖြစ်နေပြီလေ။ဒါမဲ့ ရွာသူကြီးရဲ့ သားနဲ့သမီးကိုတော့ ခေါ်သွားကြတယ်။ဝမ်ချင်နဲ့ ဝမ်နင်တဲ့။သူတို့ကတော့ အဘွားတို့ကို တစ်ခါတစ်လေလာကြည့်ပါတယ်။အားယွမ့်လေးကတော့ မိဘတွေဆုံးသွားပြီမို့ အဘွားကပဲ ခေါ်ထားတာပါ။"

"ဪ ဟုတ်ကဲ့ပါ အဘွား"

"ဝမ်ချင်နဲ့ဝမ်နင်နော် အဘွား။ဟို ရွာသူကြီးသားနဲ့ သမီးဆိုတာ "

"အေးလေကွဲ့ "

ဤသို့ဖြင့် အဘွားအား သိလိုသည်များမေးပြီး ပြန်ဖို့ခြေလှမ်းပြင်လိုက်သည်။

"ဒါဆို ခွင့်ပြုပါဦး အဘွား "

"ကောင်းကောင်းပြန်ပါ လူလေး "

"နှုတ်ဆက်ပါတယ် အဘွား "

လာရာလမ်းအတိုင်းကို ကိုယ်ရံတော်များ ခြံရံလျက်ပြန်လာခဲ့ရာ နတ်ကွန်းလိုလို ဂူတစ်လုံးကို တွေ့လိုက်ရသည်။အဝင်တွင် "တောင်တော်သခင်မဂူ" ဟု ရေးထားသဖြင့် ဝင်ကြည့်ချင်စိတ်များ ဖြစ်ပေါ်လာလေသည်။လန်ကျန့်က ရိပ်မိသည့်အလား

"ဝေ့ရင်း ဝင်ကြည့်ချင်လို့လား "

"ဟင့်အင်း မကြည့်တော့ဘူး။နေစောင်းတော့မယ်။နန်းတော်ကို အမှီပြန်မှရမယ်"

𝐑𝐄𝐕𝐄𝐍𝐆𝐄 ( 𝐒𝐞𝐚𝐬𝐨𝐧-𝟏 ) ( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now