Part- 8

6.8K 757 46
                                    

[Unicode]

နှစ်ရက်ကြာပြီးနောက်...

ကူစူးလန်တိုင်းပြည်ရဲ့ အနောက်ဘက် ချင်းဟယ်နျဲ့ကို ဦးတည်နေတဲ့ လှည်းရထားလုံးလေးထဲမှာ ကြင်ယာတော်ရှိနေတယ်။အမတ်တွေရဲ့ တိုက်တွန်းမှုနဲ့ ကုန်သွယ်ရေးလိုအပ်မှုကြောင့် လန်ဘုရင်က ကြင်ယာတော်ကို သံတမန်အနေနဲ့ စေလွှတ်လိုက်တယ်။

အထူးလေ့ကျင်ထားတဲ့ ဘုရင့်သက်တော်စောင့်တဝက်နဲ့ နန်းတွင်းစစ်သည်အယောက်တစ်ရာကို ထည့်ပေးလိုက်တာက စိတ်မချမှုနဲ့ လုံခြုံမှုကို ပြတယ်။တစ်နည်းအားဖြင့် ကြင်ယာတော်ကို ထိရင် ပြာကျအောင်လုပ်မယ်လို့ စစ်ကြေညာလိုက်တာနဲ့ တူတယ်။

ကြင်ယာတော်ကတော့ လှည်းထဲမှာ ထိုင်နေရင်း လက်ထဲမှာလည်း ခရမ်းရောင်ရှုံ့အိတ်လေးကို သေသေချာချာကိုင်ထားတယ်။ဒီအိတ်လေးထဲမှာ နျဲ့တိုင်းပြည်ရဲ့ရတနာလို့ ခေါ်လို့ရတဲ့ နင်္ဂါးနှစ်ယောက်ရစ်ပတ်ထားတဲ့ လက်စွပ်နဲ့ ဇာမဏီဆံထိုးရယ် ပါတယ်။တစ်နည်းအားဖြင့် ဒီပစ္စည်းနှစ်ခုသာရှိရင် နျဲ့တိုင်းပြည်ဘုရင့်စစ်တပ်နဲ့ အာဏာကို အပြည့်အဝသိမ်းယူနိုင်တယ်။အမှန်ဆို ဒီပစ္စည်းနှစ်ခုဟာ ပျောက်ဆုံးနေတဲ့ နျဲ့မင်းဆက်ဘိုးဘေးတွေရဲ့ နောက်ဆုံးအမွေအနှစ်တွေပဲ။သူတောင် ဇာတ်ကြောင်းအရ ပိုင်ချင်းအာရဲ့ မီးသွေးသည်စကားဝှက်ကို မသိခဲ့ရင် ဒီနှစ်ခုကို ရခဲ့မှာမဟုတ်ဘူး။

ဇာတ်လမ်းသဘောအရဆို ပိုင်ချင်းအာရဲ့ ခမည်းတော်အကူအညီနဲ့ မယ်တော်ကြီးနဲ့ပူးပေါင်းပြီး ပိုင်ချင်းအာက နျဲ့တိုင်းပြည်ကို သွားရောက်ရလိမ့်မယ်။မူလပိုင်ရှင် ဝေ့ရင်းအတွက် နေရာမရှိဘူး။

ကျန့်ရဲ့ အစီအစဉ်က ရိုးရှင်းပါတယ်။ဒီဇာမဏီဆံထိုးကို စစ်သူကြီးချုပ် နျဲ့မင်ကြွယ်ကို ပေးအပ်လိုက်မယ်။ဒါဆိုရင် နျဲ့မင်ကြွယ်က စစ်တပ်အာဏာအပြည့်အဝ ရရှိမယ်။အပေးအယူအနေနဲ့ ရီလင်တိုင်းပြည်ကို ကာကွယ်ပေးပြီး စစ်နိုင်အောင် စစ်ကူပေးရမယ်။ဒါဆို သူလက်စားမချေနိုင်ခဲ့ရင်တောင် မူလဝေ့ရင်းရဲ့ မိဘတွေကို ကယ်နိုင်လိုက်မယ်။

နင်္ဂါးလက်စွပ်ကို အခုနျဲ့ဘုရင်ဖြစ်တဲ့ နျဲ့ဟိုက်စန်းကို ပေးလိုက်မယ်။ရလဒ်အနေနဲ့ လန်တိုင်းပြည်နဲ့ ကုန်သွယ်ရေးပူးပေါင်းမယ်။တစ်ချက်ခုတ် သုံးချက်ပြတ်နိုင်အောင် ပိပိရိရိစီစဥ်ထားတယ်။

𝐑𝐄𝐕𝐄𝐍𝐆𝐄 ( 𝐒𝐞𝐚𝐬𝐨𝐧-𝟏 ) ( 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ) Where stories live. Discover now