All Black နဲ့ ချောမောခန့်ညားတဲ့လူသားကားပေါ်ကဆင်းလာချိန်မှာတော့ အားလုံးအကြည့်တို့က ထိုသူ့ဆီမှာပင်....
Ent ထဲဝင်ပြီး ခပ်တည်တည်ပင် Jimin ရှိမည့် ရုံးခန်းရှိရာဆီသွားနေတော့သည်...
"ဟဲ့ ဟိုဟာ Jeon Group က သားမလား...ချောလိုက်တာဟယ်"
"အမြင်နဲ့ပဲမကြည့်နဲ့ကောင်မရေ သူကအရမ်းမာနကြီးတာနော် တို့ CEO နဲ့က အပြိုင်အဆိုင်တဲ့ ငယ်ကတည်းကရင်းရန်ဘက်..အခုလည်းဘာသွားလုပ်တယ်မသိဘူး တို့ CEO လေးသနားပါတယ်"
"အော် ညည်းကလည်းဟယ် ဘာသနားစရာလည်း တို့ CEO က Uke type လေး ဒီ Jeon Group ရဲ့သားက Seme type လေ အချင်းချင်းတွေ့ပါများရင် ကြိုက်သွားတော့ဘယ်လိုလုပ်မလဲ"
"ပေါက်ပေါက်ရှာရှာကမရယ်...သူတို့နှစ်ယောက်လုံးကမာနမင်းသားတွေ လာကြိုက်သမျှငြင်းလွှတ်တာချည်းပဲတဲ့ အဲ့ထဲကောင်လေးတွေတောင်ပါတယ်တဲ့လေ "
"ဟုတ်လား ဒါမယ့် သဘောတူတယ်ဟယ်"
"ဒါဆို V ကရော V ကို CEO က ဖူးဖူးမှုတ်ထားတာ Ent တစ်ခုလုံးသိတယ်"
"ဟဲ့ Uke type ချင်းတွဲမလားဟဲ့ တွဲမယ့်တွဲ Jeon နဲ့တွဲမှာပေါ့ "
"အဟမ်း ... မင်းတို့အတော်အားနေတယ်ထင်တယ်"
ဌာနမှူးမမရောက်လာမှ အတင်းပြောနေတာတွေလူစုခွဲသွားကြသည်....
...............
"Park Jimin..."
တံခါးက ဝုန်းခနဲပွင့်သွားကာ Jimin ထိုင်ပြီး Model တွေရဲ့ကိုယ်ရေးအချက်အလက်တွေစစ်နေရင်းကြည့်မိတော့ Jungkook...ဒီကောင်ဘယ်တုန်းကပြန်ရောက်လာတာလဲ...
မျက်နှာထားကတင်းမာနေကာ စားမတတ်ဝါးမတတ်ကြည့်လာသည်...
"ဆို ဘာကိစ္စလဲ .."
Jungkook သူ့အားခပ်တည်တည်ပင်ကြည့်ပြီးလာရတဲ့အကြောင်းအရင်းကိုမေးနေတဲ့ Jimin ကိုဒေါသထွက်လာသည်...သူများအပိုင်ကိုသူလုယူထားတာအခုထိမသိသေးတာလားဘာလား...ရုံးခန်းတစ်ခုလုံး သူ့အရုပ်လေးပုံတွေချည်းနေရာယူထားတာကိုကြည့်ရင်း Jimin ကိုလျော့တွက်မရတော့ဟုနားလည်လာသည်...
"မင်းသိမှာပေါ့...ငါ့လူကိုမင်းအသုံးချနေတာလေ..ငါ့ခွင့်ပြုချက်မရှိဘူး မင်းလုယူထားတာ "
VOCÊ ESTÁ LENDO
💜 Lovely Tae 💜 (Completed)
FanficTae ဆိုတဲ့ကောင်လေးက ကျွန်တော်ပိုင်တဲ့အရုပ်ပဲ အဲ့ဒီအရုပ်လေးကို အလှကြည့်နေချင်တဲ့ဆန္ဒထဲမှာ ပိုင်ဆိုင်ချင်တဲ့အတ္တအနည်းငယ်ပါလာတဲ့အခါ အချစ်လို့ခေါင်းစဉ်တပ်လို့ရမလား..ဒါဆို Tae ကိုချစ်နေပါတယ်ပေါ့ Jeon Jungkook ဘဝတစ်ခုလုံးကို ငွေနဲ့လဲပြီးဝယ်ထားတယ်ဆိုတိုင်း...
Part-7
Começar do início
