"Imagine your face say hello to me..."
"Mr.Yoon ခနနော်"
Ph ကိုင်လိုက်ရင်း Mr.Yoon နဲ့ခပ်လှမ်းလှမ်းကိုထထွက်လာခဲ့သည်...Contact မှာပေါ်နေတဲ့နာမည်ကြောင့် ရင်ထဲစိတ်လှုပ်ရှားစွာ နှုတ်ခမ်းလေးအားလျှာတစ်ချက်သပ်ကာ ph ကိုင်ရင်းထူးမိလိုက်သည်...
"Hello..."
Jungkook ph ထဲမှကြားလိုက်ရသော အသံသြရှရှလေးကြောင့် Jimin ကြောင့်ထွက်နေရသောဒေါသတို့တစ်ဝက်လျော့သွားရသည်...
"Kim Taehyung အခု ရှူတင်ပြီးပြီမလား ပြောစရာရှိတယ် ချက်ချင်းပြန်လာခဲ့..."
ပြန်လို့မဖြစ်တာ ဘယ်လိုပြောရပါ့..Mr.Yoon ကလည်းစောင့်နေသည်...
"ဟို...အစ်ကိုလေး ကျွန်တော်ချိန်းထားတာတစ်ခုရှိသေးလို့အဲ့တာ ည ၈ နာရီမှအိမ်ပြန်ရောက်မှာ..."
"ဟက် Kim Taehyung မင်းအချိန်ဇယားတွေအကုန်ငါသိပြီးသား လာလိမ်မနေနဲ့ ..အခုဟိုကောင့်ဆီသွားဖို့မဟုတ်လား...ငါခွင့်မပြုဘူး..ချက်ချင်းပြန်လာခဲ့..."
..ဘာလည်း သူဘာလို့အကုန်သိနေရတာလည်း Tae ရူးချင်လာသည်..Hyg ကိုဘယ်လိုလုပ်မလည်း..ph ကိုင်ကာငူငူကြီးရပ်နေမိတုန်း...
"V...သွားရအောင် "
"ဟုတ် Mr.Yoon"
နောက်ကိစ္စနောက်မှရှင်းမည် Tae ph ချလိုက်ကာ Mr.Yoon နောက်လိုက်ခဲ့တော့သည်...Hyg ကိုသူလျစ်လျူမရှုနိုင်ချေ...
Jungkook တစ်ဖက်ကပိတ်ပစ်သော ph ကိုကြည့်ကာ စိတ်ရှုတ်ထွေးနေမိသည်...
...သူပြန်လာမှာ ဟုတ်တယ်မလား Jeon Jungkook ကို သူမလွန်ဆန်ရဲပါဘူး.....
ဧည့်ခန်းထဲကနေပဲ စောင့်နေမိသည်...လက်ကနာရီကိုတကြည့်ကြည့်နဲ့ Jungkook မှာ ရှေ့လျှောက်နောက်လျှောက်နဲ့ပင်.....
.....................
Unicode...
Jimin တို့ Ent ရှေ့နက်မှောင်ပြောင်လက်နေတဲ့ကားကြီးထိုးရပ်လာကတည်းက အကုန်လုံးစိတ်ဝင်စားနေကြကာ ကားပေါ်မှဆင်းလာမည့်လူသားအားသိချင်ဇောပြင်းပျနေကြသည်...
ခနကြာတော့ အနောက်ကကားတွေဆီက တူညီ Suit ဝတ်စုံတွေနဲ့လူတွေထွက်လာရင်းဘေးတစ်ဖက်တစ်ချက်ဆီခြံရံနေကြသည်..
YOU ARE READING
💜 Lovely Tae 💜 (Completed)
FanfictionTae ဆိုတဲ့ကောင်လေးက ကျွန်တော်ပိုင်တဲ့အရုပ်ပဲ အဲ့ဒီအရုပ်လေးကို အလှကြည့်နေချင်တဲ့ဆန္ဒထဲမှာ ပိုင်ဆိုင်ချင်တဲ့အတ္တအနည်းငယ်ပါလာတဲ့အခါ အချစ်လို့ခေါင်းစဉ်တပ်လို့ရမလား..ဒါဆို Tae ကိုချစ်နေပါတယ်ပေါ့ Jeon Jungkook ဘဝတစ်ခုလုံးကို ငွေနဲ့လဲပြီးဝယ်ထားတယ်ဆိုတိုင်း...
Part-7
Start from the beginning
