Jimin ကတစ်ပတ်ပြန်လှိမ့်ကာ Jungkook ကိုထိုးချလိုက်ရင်း...

"မင်းလာခေါ်မှာမှန်းသိရက်နဲ့ ဒီလောက်လေးတော့ငါ့ဘက်ကပြင်ဆင်ထားရမယ်မဟုတ်လား.."

"Shit...ဒီကောင်..."

"ခွပ်..."

"ဒါဘာဖြစ်နေကြတာလည်း CEO..."

Jimin ရဲ့ Manager Mr.Yoon ရောက်လာမှ နှစ်ယောက်သားခွာလိုက်ကာ ထရပ်လိုက်ကြသည်...

"Kim Taehyung က...ငါ့အပိုင် မနက်ဖြန်ကစပြီး ငါ့ Ent မှာနေရမယ်...မင်းသူ့ရဲ့အချိန်ဇယားတွေကိုပြင်ဆင်ထားလိုက် မဟုတ်ရင် မင်းသူ့ကိုတစ်သက်လုံးတွေ့ရမယ်မထင်နဲ့"

Jungkook ပြောချင်ရာပြောပြီးထွက်သွားတော့သည်....Jimin ပေါက်နေတဲ့နှုတ်ခမ်းကို Mr.Yoon က လက်ကိုင်ပဝါလေးနဲ့သုတ်ပေးလာသည်....

"CEO"

"ကျွန်တော်နားချင်ပြီ Mr.Yoon"

Mr.Yoon ကအလိုက်သိစွာ အနားကထွက်သွားပေးသည်...

Jimin ကူရှင်ပေါ်မှီချကာ မျက်ဝန်းတို့အားမှိတ်ထားမိသည်...

...ကလေးကိုအဆုံးရှုံးမခံနိုင်ဘူး..Kim Taehyung က သူ့နှလုံးသား....

.......................

"V...."

"အော Mr.Yoon..."

ကြော်ငြာရိုက်ကူးပြီးနားနေတုန်း Mr.Yoon အနားရောက်လာသည်...

"CEO က ညကျရင် သူ့အိမ်မှာညစာစားဖို့ခေါ်ခိုင်းလိုက်လို့..."

"အာ Hyung ကလည်း Ph ဆက်ပြောရင်ရသားနဲ့ လူကြီးကိုအလုပ်ပိုအောင်.."

Mr.Yoon က ရှေ့မှ CEO အသည်းကျော်လေးအားကြည့်ကာရယ်လိုက်ရင်း...

"ဘယ်တုန်းကများ မင်းနဲ့ပတ်သတ်ရင် သူအလေးမထားဖူးလို့လဲ..အခုလည်း ဦးကိုကိုယ်တိုင်စောင့်ခေါ်ခိုင်းလိုက်တာ အခြားသူနဲ့ဆိုစိတ်မချဘူးတဲ့လေ.."

"ဟီး ဟုတ်ကဲ့.."

Boxy Smile လေးနဲ့ Model V ကသိပ်ချောသိပ်လှသည်ပင် Camera ရှေ့မှာ တည်ငြိမ်ပြီးလူကြီးစတိုင်ဖမ်းထားပေမယ့် CEO နဲ့သူ့ ရှေ့မှာဆို ပင်ကိုယ်စရိုက်လေးနဲ့ကလေးလေးလိုပင်နေတတ်သည်...

ဒါ့ကြောင့်လည်း CEO က သည်းသည်းလှုပ်နေတာဖြစ်မည်...ဒီကလေးကို CEO ချစ်နေတာ Ent တစ်ခုလုံးသိပေမယ့် ဒီကလေးပဲမသိတာဖြစ်သည်...သူလေးဖြူစင်တာလည်းပါမှာပေါ့...

💜 Lovely Tae 💜 (Completed)Where stories live. Discover now