အပိုင်း ( ၂၇ ) ( Unicode )

Start from the beginning
                                    

ဝရန်တာမှာ လေတဖြူးဖြူးနှင့် ကော်ဖီသောက်ရင်း ချစ်ရသူနှင့် စကားစမြည်ပြောရသည့်အခိုက်အတန့်သည် တကယ်ပင် စိတ်ကြည်နူးစရာကောင်းသည်။ အထူးသဖြင့် ဒီနေ့လို အရေးကြီးနေ့မျိုးမှာပေါ့။

ဒီနေ့က ဇလပ်နှင့်ပတ်သတ်သည့် သူ့ဘဝရဲ့အရေးပါဆုံးရက်လေးတစ်ရက်ဖြစ်လာလိမ့်မည်။ နောင် နှစ်တိုင်း နှစ်တိုင်း သူနှင့်ဇလပ် ဒီအဖိုးတန်ညလေးအကြောင်းကို ပြောကြရင်း ရယ်မောကြမည်။

ဘယ်တော့မှ မမေ့နိုင်မဲ့နေ့လေးတစ်နေ့အဖြစ်ပေါ့။

ဇလပ်နှင့် စကားပြောပြီးနောက် နာရီကိုလှမ်းကြည့်မိတော့ ချိန်းထားသည့်အချိန်က သုံးနာရီကျော် လိုနေသေးသည်။ ဘာမှလည်းလုပ်စရာမရှိသည့်အတူတူ လေးဆက်လည်း ပျင်းနေသောကြောင့် အခန်းထဲ ပြန်ဝင်ကာ စာအုပ်ထိုင်ဖတ်နေလိုက်သည်။

ညဆယ်နာရီခန့်အချိန် ... ။

နာရီလက်တံတို့က တချက်ချက်အော်မြည်ရင်း ရွေ့လျားသွားသည်မှာ အချိန်ကုန်လို့ ကုန်မှန်းပင်မသိလိုက်။ စာအုပ်ထဲ နစ်မျောနေသည့်အရှိန်ကြောင့်လည်း ပါမည်ထင်၏။ စာအုပ်တစ်အုပ်လုံးနီးပါးဖတ်ပြီးသွားတော့မှ လူတစ်ကိုယ်လုံး ညောင်းညာနေမှန်းသိလိုက်ရသဖြင့် အကျောဆန့်လိုက်သည်။

နာရီကို တစ်ချက်ကြည့်လိုက်တော့ ချိန်းထားသည့်အချိန် နီးနေပြီဖြစ်သောကြောင့် အဝတ်အစားခပ်မြန်မြန်ကောက်လဲလိုက်သည်။ ထို့နောက် စားပွဲပေါ်မှာ တင်ထားသည့်လက်ဆောင်ဘူးလေးကို မမေ့မလျော့ယူလိုက်ကာ အိမ်ရှေ့ခန်းဆီသို့ ထွက်လာခဲ့သည်။

ဝရန်တာကနေ အောက်ငုံ့ကြည့်လိုက်တော့ ကားမရောက်သေးသဖြင့် ဖုန်းခေါ်ရပြန်သည်။

“ ဟဲလို ”

တစ်ဖက်မှ ထူးသံကြားလိုက်ရသည်နှင့်

“ ဟိတ်ကောင် မြတ်သူ ... မင်းတို့ ဘယ်မှာလဲ ... ၁၀နာရီတွေ့မယ်ဆိုပြီး ချိန်းထားတာကို ... အခုထိ မလာသေးဘူးလား ... ၁ဝနာရီထိုးနေပြီနော် ... အချိန်ကို မလေးစားတဲ့ကောင်တွေ ... ငါချည်းပဲ စောင့်နေရတယ် ”

စက်သေနတ်ပစ်သလိုပင် လေးဆက် သူတို့အား အပြစ်တင်စကားပြောလိုက်သည်ကို တစ်ဖက်ကလည်း နည်းနည်းလေးမှ သည်းမခံဘဲ ခွန်းတုံ့ပြန်လာသည်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now