အချိန်က လူတွေရဲ့အမှတ်တရတွေကို တဖြည်းဖြည်းတိုက်စားနေတယ်ဆိုတာကို မေ့နေကြတယ် ...
သေချာပြန်တွေးကြည့်မယ်ဆိုရင် အတိတ်မှာ ကုန်ဆုံးခဲ့တဲ့အချိန်ပေါင်းများစွာ၊ နှစ်ပေါင်းများစွာက ဆပ်ပြာပူစီဖောင်းလိုမျိုးပဲ ...
မထင်မှတ်ထားတဲ့အချိန်မှာ ဆပ်ပြာပူဖောင်းလေး ပေါက်သွားသလိုမျိုး မထင်မှတ်ထားတဲ့အချိန်အခိုက်အတန့်မှာ ရက်တွေ လတွေ နှစ်တွေ ကုန်လွန်သွားခဲ့တယ် ...
လွန်ခဲ့တဲ့သုံးနှစ်နဲ့ အခုပစ္စပ္ပုန်ကာလက မသိရင်အချိန်ခဏလေးလိုပဲ ကြာမြင့်ခဲ့ …
စဉ်းစားကြည့်လေ အချိန်ဆိုတဲ့စိတ္တဇနာမ်က ကြောက်ဖို့ကောင်းလေ ...
ရှေ့ဆက်လျှောက်နေတုန်းမှာတော့ သတိမထားမိပေမဲ့ ခဏရပ်လိုက်ပြီး နောက်ကို တစ်ချက်လောက်ပြန်လှည့်ကြည့်လိုက်ရင်တော့ ကွာခြားချက်ကို တွေ့နိုင်လိမ့်မယ် ...
ဒီနှစ်တွေအတွင်း ဘာတွေများ ထူးခြားလာသလဲ ...
အတိတ်မှာ ဘယ်သူတွေကို ဆုံးရှုံးခဲ့ရလဲ ...
ပစ္စုပ္ပန်မှာရော ဘယ်သူတွေက အနားမှာ ကျန်နေသေးလဲ ...
အနာဂတ်မှာရော ဘယ်သူတွေက ထွက်ခွာသွားဦးမလဲ ...
အရာရာတိုင်းက ကံကြမ္မာစေလိုရာအတိုင်း ... ။
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
ညနေ၆နာရီခွဲအချိန်
ဒေါက် ! ဒေါက် ! ဒေါက် !
ရုတ်တရက် တံခါးခေါက်သံပေါ်လာသောကြောင့် ပိတ်ထားသည့်မျက်ဝန်းအစုံက ပွင့်သွားခဲ့သည်။
“ ဝင်လာလို့ရတယ် ”
စေ့ပိတ်ထားသည့် တံခါးက ခပ်ဟဟပွင့်သွားပြီး မြတ်ကလေးက လေးဆက် လှဲနေသည့်ကုတင်အနားသို့ ခြေလှမ်းဖွဖွလေး လှမ်းကာ ရောက်လာသည်။
အိပ်ရာပေါ်မှာ လေးဆက် လှဲနေတာကိုမြင်တော့
“ ကိုကြီး နေမကောင်းဘူးလား ”
သူ့လက်သေးသေးလေးဖြင့် လေးဆက်ရဲ့နဖူးကို အဖျားရှိ မရှိ စမ်းသပ်နေသော မြတ်ကလေးကြောင့် လေးဆက် လှဲနေရာမှ ထလိုက်သည်။ မြတ်ကလေးရဲ့လက်လေးကို ပြန်ဆုပ်ကိုင်လိုက်ပြီး
![](https://img.wattpad.com/cover/252820096-288-k552211.jpg)
ČTEŠ
အပိုင်း ( ၂၆ ) ( Zawgyi )
Začít od začátku