“ငါ..လုပ်လိုက်ရ…ဒီကလေးတော့!….”

“ဘိုးနော်…မင်ချူကခဏနေရင်သွားရတော့မှာ…ခုထိရိုက်ချင်နေတုန်းပဲလား”

“ကဲ..လက်စွပ်တွေဝတ်ကြည့်ဦးလေ….”

“အင်း…နဂါးလက်စွပ်ကလှတော့ မင်ချူယူ….”

“နဂါးဆိုတာ ကိုယ့်ရဲ့အိမ်ဦးနတ်ကဝတ်ရတာ…မင်းကဇာမဏီကိုဝတ်”

“ရားး..ဘိုးဘိုး..ဘက်လိုက်တာက…လုပ်ကတည်းကပုံစံတူလုပ်ပါလားလို့…ခွဲခြားခွဲခြားနဲ့…မင်ချူလဲအိမ်ဦးနတ်ရဲ့ အိမ်တွင်းနတ်ပါနော်…”

“ခွီး”

စကားစစ်ထိုးနေသည့်မြေးအဘိုးနှစ်ယောက်ကြား မည်သည့်စကားမျှမဆိုပဲ ဘေးကနေထိုင်နားထောင်နေသည့် အဲလ်တန်မှာကြာတော့ရယ်ချင်လာသည်ကိုမအောင့်နိုင်တော့သည့်အတွက် ခွီးကနဲပင်အသံထွက်သွား၏။မိသားစုမေတ္တာဆိုတာဤသို့လားဆိုတာကိုလဲသူနားလည်လာသလိုပင်။

“မင်ချူ…မဆိုးနဲ့တော့..ဦးရီးတော်ပြောသလို..လက်စွပ်တွေမှာသူ့အဓိပ္ပာယ်တွေရှိပေမယ့် ကိုယ်တို့အတွက်က အတူတူပါပဲ…ကိုယ်နဲ့မင်းကြားမှာ တသီးတသန့်ခွဲခြားထားတယ်လို့ခံစားနေဖို့မလိုဘူး…ကိုယ်တို့နှစ်ယောက်လုံးက အတူတူပဲမို့ အိမ်ဦးနတ်တွေဘာတွေဆိုပြီး သိမ်ငယ်စရာ ဝမ်းနည်းစရာမရှိဘူး…ဘာလို့ဆိုကိုယ့်အတွက်မင်းကတစ်ဦးတည်းသောအိမ်ထောင်ဖက်ဖြစ်သလို…မင်းအတွက်လဲကိုယ်ကအနားမှာအမြဲကာကွယ်ပေးနေမယ့်အရိပ်တစ်ခုမို့လို့ပဲ…”

“ကိုကိုအကောင်းဆုံးပဲ..”

လက်မလေးထောင်ကာ အဲလ်တန်ဖက်သို့ပြုံးရယ်ပြကာစကားဆိုလာသည့် မင်ချူ့ကိုကြည့်ကာ ဦးရီးတော်မင်တစ်ယောက်မျက်ဖြူလန်ကာ နှုတ်ခမ်းကပွစိပွစိလုပ်ကာရေရွတ်လျက်..။သူရှိရက်နဲ့တောင် အနေအထိုင်မတတ်သည့်မြေးကိုကြည့်ကာ နောက်ကွယ်တွင်သာဆိုပါကသူပို၍သွေးပွက်ပွက်အန်နိုင်သည့်အထိလုပ်ပစ်မည့်မြေးမှန်းလဲတစ်ဆက်တည်းကောက်ချက်ချမိ၏။နဂါးပတ်ခွေထားသည့်ကျောက်စိမ်းနှင့်ပတ္တမြားလက်စွပ်ကို အဲလ်တန်ကဘယ်လက်သူကြွယ်မှာဝတ်လိုက်လျှင်…မင်ချူကလဲသူ၏ဘယ်ဖက်လက်သူကြွယ်တွင်ဇာမဏီငှက်လက်စွပ်အားဝတ်ဆင်လိုက်၏။

My lovely "Chu" (Complete)Where stories live. Discover now