"ချန်ရင်....ချန်ရင်!!!"

ရှောင်းကျန့် ချန်ရင် နာမည်ကို အော်ခေါ်ပေမယ့် နည်းနည်းလေးမှ ထူးခြားမှုမရှိ။
အထဲထိဝင်ရင် ကောင်းမလား မကောင်းဘူးလား စဥ်းစားနေတုန်း ကလေးငိုသံလေး ကြားလိုက်တာကြောင့်
ရှောင်းကျန့် သေချာအာရုံစိုက်နားထောင်နေမိသည်။

"ဟင့်...ဟင့်....အီးဟီး မားမား...ဟင့်....ဟင့်...အီး...မားမား"

ကလေးလေးရဲ့ငိုသံမလို့ ရှောင်းကျန့် ကလေးတစ်ယောက်များ ဒီထဲရောက်ပြီး
ကြောက်နေတာလားဆိုသည့် အတွေးကြီးဝင်လာကာ အသံကြားရာဆီကိုပြေးသွားလိုက်သည်။
အသံကြားတဲ့နေရာက ပစ္စည်းအပို့ ပစ္စည်းပျက်တွေ ထားထားတဲ့နေရာဘက် ဖြစ်တာကြောင့်
ရှောင်းကျန့် ပိုပြီး စိတ်ပူသွားသည်။
ပစ္စည်းတွေကအဆင့်ဆင့်ထပ်ပြီး ထားထားတာကြောင့် ရှောင်းကျန့် ကလေးလေးအန္တရာယ်ဖြစ်မှာကို စိုးရိမ်ပြီး ပစ္စည်းတွေထားတဲ့ဘက်ကို သွားနေတုန်း
အနောက်ကနေ လူတစ်ယောက်က ပါးစပ်ကိုပိတ်ပြီး အခန်းတစ်ခန်းထဲဆွဲခေါ်သွားသည်။

"ကော မကြောက်နဲ့...ကျွန်တော်ရိပေါ်"

နားနားလေးကို တိုးတိုးလေးကပ်ပြောသည့် ရိပေါ်ကြောင့် ရှောင်းကျန့်မျက်လုံးပြူးသွားရသည်။
ဘာကြောင့် ရိပေါ်က အဆောင်ရောက်နေတာလဲ။

"ကျွန်တော်ရော ကူညီပေးချင်တယ်။ ကျွန်တော့်ပါးပါး ဘာအပြစ်မှမလုပ်ထားဘူးဆိုတာ သက်သေပြချင်တယ်"

"အဲ့ဆို ဘာလို့ငါ့ကိုဒီအခန်းထဲခေါ်လာတာလဲ"

"ကြည့်ကြည့်လိုက်"

ရိပေါ်က သူ့ပါးစပ်ကို အုပ်ထားသည့်လက်ကို မလွှတ်ပေးဘဲ တံခါးပေါက်ဟထားသည့်​​နေရာကနေ အပြင်ကိုကြည့်ခိုင်းသည်။
အပြင်မှာ မှောင်မဲနေပေမယ့် သေချာမမြင်ရ။ထိုချိန် မီးတွေမှိတ်တုတ်တုတ်နှင့် လင်းလာတာကြောင့် ရှောင်းကျန့် တံခါးဟထားသည့်နေရာကနေ ကြည့်နေတုန်း။

အသားအရေတွေကတွန့်ပြီး ဖြူဆုတ်နေသည့် မျက်နှာကြီး
မျက်လုံးနှစ်ဘက်ကလည်း ဟောင်းလောင်းကြီးဖြစ်နေကာ သွေးတွေလည်း စီးကျနေပြီး
လည်ပင်းမှာလည်း ဓားရှရာလို အစင်းကြီး ထင်နေသည်။
ရှောင်းကျန့် အနီးကပ်ကြီးမြင်လိုက်ရတော့ အရမ်းလန့်သွားတာကြောင့် တုန်တက်သွားသည်။
အဲ့ဒါကိုသိတဲ့ရိပေါ်က ရှောင်းကျန့် ကိုယ်ကိုသူ့ဘက်ဆွဲလှည့်ပြီး ဖက်ထားလိုက်သည်။

SECRET ( Completed)Waar verhalen tot leven komen. Ontdek het nu