အနက်ရောင် သွေးကြောတွေပင် ထင်းကာ အနီရောင်သန်းနေသည့် နှုတ်ခမ်းထူထူ တစ်စုံဟာ သူ့ကို ကိုက်စွဲချင်စိတ် ပေါ်လာစေသည်။ ကျူးယင်၏ မျက်နှာဟာ အလိုလို နီးကပ်သွားသည်။ ထိုသို့နီးကပ်သွားသည့်အခါ ကိုယ်ချင်း အတိ ကပ်သွားလေပြီး သူ့အား ရစ်ပတ်ထားသည့် ဆံပင်တွေက ဖိအားကိုပင် ထုတ်လွှတ်လာသည်။ ဖိအားကြောင့် ဆံပင်တွေအောက်၇ှိ အ၀တ်တွေက စုတ်ပြဲကာ ကျွတ်ထွက်သည်။ တခဏချင်းတွင်ပင် ထိုဆံပင်တွေဟာ သူ၏ ကိုယ်နှင့် တိုက်ရိုက် ထိတွေ့သွားချေပြီ။

သီ၏ လည်ဆံလုပ်က လှုပ်ခတ်သွားသည်။ နတ်ဘုရားတွေက တံတွေးမြိုချရန်လို၏လောဟု သူ တွေးမိသေးသည်။ သို့တိုင် အကြည့်တွေက နှုတ်ခမ်းတစ်စုံထံတွင်သာ ရောက်နေပြီးနောက် အခြားသော ကိစ္စတွေကို မတွေးနိုင်တော့ပါချေ။

နီးကပ်လာသည့် မျက်နှာနှင့် သူ၏ နှုတ်ခမ်းကို ကြည့်ကာ လျှာသပ်သပ်ဖြစ်နေသည့် ကျူးယင်ကြောင့် သီ၏ နားထင်ကြောတွေက ထောင်ထလာသည်။ သူ၏မျက်နှာတွင် နက်စွေးသော သွေးကြောတွေ ထင်းနေချေကာ အသားအရည်က အနီရောင်သန်းပြီး တစ်ချိန်တည်းတွင်ပင် ကြည်ဖျော့လာသည်။ သူကိုယ်တိုင်က မီးတောင် တစ်ခု ဖြစ်သွားကာ အချိန်မေ၇ွး ပေါက်ကွဲတော့မယောင် ထင်ရသည်။

ကျူးယင်၏ ကိုယ်ကို ရစ်သိုင်းထားသော ဆံပင်တွေ ဖယ်ခွာသွားသည့်အခါ ပြစ်ချက်မ၇ှိ ဆွဲဆောင်နိုင်လွန်းသော ကျူးယင်၏ ပြီးပြည့်စုံသည့် ခန္ဓာက အထင်းသား ပေါ်လာသည်။ သီ၏ အကြည့်တွေက ထိုအ၀တ်ကင်းသော ခန္ဓာကို မြင်လိုက်ရသည်နှင့် အလွန် စူးရဲသွားသည်။ သူ၏ ကိုယ်ထဲရှိ နောက်ဆုံးသော သည်းခံအားက ပြတ်ထွက်သွားချေပြီ။

သီက ကျူးယင်၏ ကိုယ်ကို သိုင်းဖက်လိုက်သည့်အချိန်တွင် ကျူးယင်၏ နှုတ်ခမ်းဟာလည်း သီ၏ နှုတ်ခမ်းထံ ရောက်သွားသည်။ သူတို့၏ နှုတ်ခမ်းချင်း ထိလိုက်သည်နှင့် ပြောမပြနိုင်လောက်သည့် သာယာမှုက တစ်ကိုယ်လုံး အနှံ့ပြန့်သည်။ သာယာလွန်းလှသည့် ခံစားမှုဟာ ထိရုံအနေအထားနှင့်တင် လျှံတက်လာသည်။ သီ၏ စိတ်ထဲတွင် အတိတ်က သူတို့၏ အကြောင်းအရာတိုင်းကို မြင်ယောင်လာသည်။ ရှန့်ယန်၏ ခံစားချက်တွေ၊ သီ၏ ခံစားချက်တွေကဟာ အနှေးပြကွက်အလား ပေါ်ထွက်လာတော့ကာ တစ်စုတည်း ပေါင်းစပ်သွားသည်။ ထိုသို့ပေါင်းစပ်သွားသည်နှင့် သီ၏ နတ်စွမ်းအင် အ၇ှိန်အ၀ါဟာ တစ်ဆင့်တက်သွားသည်။ လောကရှိ အရာရာတိုင်းကို ပိုင်ဆိုင်သော ခံစားချက်ကို သူရလိုက်သည်။ သို့သော် သူလိုချင်သော အရာဟာ ကျူးယင်သာလျှင် ဖြစ်သည်။

YING &YANG ....Volume3 of Becoming Empress COMPLEDWhere stories live. Discover now