" ကိုဈာန် "
တစ်စုံတစ်ခုကို မကျေမနပ်ဖြစ်နေသည့်အကြည့်တွေ၊ လူကို ထုတ်ချင်းဖောက်ထိခိုက်စေနိုင်သည့်အကြည့်တွေက မြှားသဖွယ် တာရာလင်းထံသို့ တစိုက်မက်မက် ဆိုက်ရောက်လာသည်။
" မင်းက ဒီကို ဘာကိစ္စလဲ "
စကားတွေက ပြတ်သားသည်။ အကြည့်တွေက စူးရှသည်။ မျက်နှာက တည်ကြည်သည်။
သူ့ရှေ့မှာ ရှိနေသည့်လူက တကယ့်ကို မျက်နှာနှစ်မျိုးနဲ့လူဖြစ်သည်။
အင်း ... လိုက်လည်းလိုက်တယ် ...
ဟန်ဆောင်ကောင်းတဲ့သူနဲ့ မျက်နှာနှစ်မျိုးရှိတဲ့လူ ...
အရမ်းစိတ်ဝင်စားလာပြီ ...
နောက်ဆုံးမှာ ဘယ်သူက အနိုင်ရသွားမလဲဆိုတာကို ...
အဲဒီနောက် တာရာလင်းက သူ့ရှေ့က လူကို သေချာစိုက်ကြည့်လိုက်ရင်း
" အင်း ... ဘယ်လိုပြောရမလဲ ... ကိုလေးဆက်ရဲ့မိတ်ဆွေတစ်ယောက်အနေနဲ့ ကိုဈာန့်ကို လာတွေ့တာလို့ပဲ ပြောရမလား ဒါမှမဟုတ် ... "
ကိုဈာန့်ရဲ့အကြည့်တွေက ပိုပြီးတော့ ခက်ထန်လာတာကို တွေ့လိုက်ရတော့ တာရာလင်း၏မျက်နှာထက်မှာ မထီမဲ့မြင်အပြုံးတွေ ဝေဝေဆာဆာပေါ်ပေါက်လာသည်။
" ကိုဈာန့်ရဲ့ချစ်သူအနေနဲ့ လာတွေ့တာလို့ပဲ ပြောရမလား "
" မင်း ဘာပြောလိုက်တယ် "
ဒီလိုအပြောမျိုးကို သည်းမခံနိုင်စွာ တာရာလင်း၏ အကျီကော်လံစကို ခပ်ကြမ်းကြမ်းဆွဲကိုင်ရင်း ဈာန်ရောင်ခ ကြိမ်းဝါးလိုက်သည်။
အဲ့လိုအထင်ခံရမှာစိုးလို့ တာရာလင်းနဲ့ ကင်းကင်းရှင်းရှင်းနေခဲ့တာတောင်မှ ...
" ကိုဈာန် ... ခင်များ တကယ်ဒေါသထွက်သင့်တာ ကျွန်တော့်ကို မဟုတ်ဘူးနော် ... လူမှားနေပြီ "
ရိတိတိအပြုံးတစ်ခုကို ဆင်မြန်းရင်း အနားကပ်ကာ ခပ်တိုးတိုးပြောလာသည့်တာရာလင်းကြောင့် ဈာန်ရောင်ခရဲ့ရင်ထဲမှာ မီးတောင်ပေါက်သလို ပူပြင်းလာရသည်။
ကိုကို ... ခင်များ ဘာတွေကြံစည်နေတာလဲ ...
" မင်း ဘာကိုပြောချင်တာလဲ တာရာလင်း "
YOU ARE READING
အပိုင်း ( ၂၄ ) ( Zawgyi )
Start from the beginning