"Harry ကြာလှချည်လား"
"ပြီးပါပြီ!"
အထဲကနေအော်ပြီး Severus ရှိရာ ဧည့်ခန်းထဲသို့လမ်းလျှောက်လာသည်။ ပန်းနုရောင် Hoodie လေးနဲ့ အသားရောင်ဘောင်းဘီအတိုလေးက ဖြူဥနေတဲ့ခန္ဓာကိုယ်မှာ ချစ်ဖို့ကောင်းအောင်နေရာယူလျက်။ Severus မျက်တောင်မခတ်နိုင်ချေ။ Harry က မျက်မှန်ကိုအထူးအဆန်းဖြစ်နေတဲ့အချိန် အသားရောင်ဘောင်းဘီတိုအောက်က ပေါင်တံဖွေးဖွေးလေးကို အာရုံရောက်နေ၏။
"ဦး!"
"ဟင်...အင်း"
"မျက်မှန်ကဘာလဲဟင်"
"ဘယ်လိုဖြေရမှာလဲ"
Severus ဘေးနားလာထိုင်ပြီး မျက်မှန်အကြောင်းမေးလေတော့သည်။ ရေချိုးပြီးကာစ နို့ထွက်ဆပ်ပြာနံ့က သင်းပျံ့နေ၏။ ပန်းရောင် Hoodie ကသူ့ထပ်ကြီးနေတော့ ညှပ်ရိုးလေးတွေကိုအပေါ်စီးကမြင်နေရသည်။
"အသစ်ပြောင်းပေးထားတာလား မေးတာ"
"အင်း"
"ဒါရွှေအစစ်လား?"
ပြောပြောဆိုဆိုနဲ့ မျက်မှန်ကိုကိုက်ကြည့်ဖို့လုပ်နေလို့ လက်ကိုလှမ်းချူပ်ထားလိုက်ရတယ်။ ကြည့်နေတာတွေဘယ်ရောက်သွားမှန်းမသိပဲ လန့်တောင်လန့်သွားသည်။
"ဘာလုပ်တာလဲ!"
"စစ်မစစ်ကိုက်ကြည့်မလို့လေ"
"ရွှေအစစ်ပါ ရောင်းလည်းမစားနဲ့ ဝါးလည်းမစားနဲ့"
"အဟီး"
မျက်ဝန်းစိမ်းလေးတွေအပေါ်မှာ ရွှေရောင်မျက်မှန်ကိုကိုယ်တိုင်တပ်ပေးလိုက်သည်။ ရေအနည်းငယ်စိုနေတဲ့ ဆံစလေးတွေရယ် ၊ ပန်းနုရောင်ဥနေတဲ့ ပါးလေးနှစ်ဖက်ရယ် ၊ နှစ်ခြိုက်စွာပြုံးနေတဲ့သူ့အပြုံးရယ်။
ဘုရားသခင်ကကိုယ့်အတွက်သီးသန့်ဖန်ဆင်းပေးထားသလိုပဲ။"ပြီးတော့မှာထားရဦးမယ်"
"ဟုတ်"
"ကိုယ့်အရှေ့ကလွဲလို့ တခြားသူတွေရှေ့မှာ ဒီမျက်မှန်ကိုမချွတ်ပါနဲ့။
မျက်ဝန်းစိမ်းလေးတွေကို မြတ်နိုးသွားမှာဆိုးလို့""ဗျာ!"
ပန်းနုရောင်ပါးလေးကို နှာခေါင်းမြုပ်သည်အထိ နမ်းရှိုက်မိသည်။ ဘယ်အချိန်ကြည့်ကြည့် သူ့ပါးလေးက ပန်းရောင်လေးဖြစ်နေတာပဲ။
Part 11
Start from the beginning