အနက်ရောင်ချီစွမ်းအင်ရဲ့ ပြင်းထန်သည့် စွမ်းအားကြောင့် အလျင်စလိုရောက်လာသည့် လူများဟာလည်း ထိုလှပသောလူငယ်လေးရဲ့မိုက်မဲသည့် လုပ်ရပ်ကြောင့် ထိုလူငယ်လေးတော့ သွားပြီဟုတွေးလိုက်ကြတော့သည်၊ဒါပေမယ့် တစ်ဖက်မှာလည်း အဖြူရောင်နတ်နဂါးကြီးကြောင့် အံ့အားသင့်သွားကြပြန်သည်၊ စွမ်းအားမြှင့်တဲ့သူတွေဟာလည်း ကယ်တင်လို့ရပေမယ့် သူတို့မဆိုင်တာကြောင့်ရပ်ကြည့်နေကြသည်၊

ထိုချိန်မှာ မထင်မှတ်သည့်ကိစ္စဖြစ်သွားသည်၊ အကုန်လုံးဟာ အဖြူရောင်ဆံနွယ်များနဲ့ လူငယ်လေးသေပြီလို့ထင်လိုက်ပေမယ့် အရှိန်အဝါပြင်းထန်သော နဂါးခြောက်ကောင်ဟာ လူငယ်လေးပတ်လည်မှာ နေယူကာကွယ်ထားကာ ပေါ်ပေါက်လာတော့သည်၊

နဂါးရှစ်ကောင်ရဲ့ ဒဏ္ဍာရီဆိုတာ ထျန့်လျန့်နယ်မြေသာ ဒဏ္ဍာရီတစ်ခုအနေနဲ့သာ ထင်ရှားပေမယ့် နယ်မြေအပြင်ပိုင်းမှာတော့ အင်အားကြီးသည့်သိုင်းဝိညာဉ်တွေဖြစ်သည်၊ထိုသို့အနက်ရောင်အဆင့်အထက်သိုင်းဝိညာဉ်တွေကို တစ်နေရာတည်းမြင်လိုက်တော့ ဘယ်သူမဆို အံ့အားသင့်သွားတာမဆန်းကျယ်ပေ၊

ထိုအဖြူရောင်နဂါးပိုင်ဆိုင်ထားသည့်လူငယ်လေးရဲ့ရှေ့တွင် အနက်ရောင်အရှိန်အဝါနဲ့အတူ လူတိုင်းကိုသိမ်ငယ်စေအောင် လုပ်နိုင်သည့် သေခြင်းတရားကိုဆုံးဖြတ်ပေးနိုင်သည့် အနီရောင်မျက်ဝန်းများနဲ့ အနက်ရောင်နဂါးကြီးရယ်၊ခရစ်တယ်ကျောက်များနဲ့တည်ဆောက်ထားသည့် ရိုးတွင်းဆီအထိပင်အေးစက်နိုင်သည့် အရှိန်အဝါများဖြင့်သာမက အေးစက်စက်ခရမ်းရောင်မျက်ဝန်းနဲ့ဆုံမိသူတိုင်း အေးခဲသွားစေနိုင်ပြီး အကြောက်တရားပေါ်ပေါက်လာစေသည့် ရေခဲနဂါးကြီးဟာ အဖြူရောင်နဂါးဝိညာဉ်ပိုင်ဆိုင်ထားသည့် လူငယ်လေးရှေ့မှာ အကာကွယ်ဟန် ရပ်တည်နေတော့သည်၊

ထိုနှင့်မပြီးသေး လူငယ်လေးရဲ့အနောက်တွင်လည်း ကြောက်စရာကောင်းသည့် အစိမ်းရောင်အငွေ့အသက်များနဲ့ စိမ်းရင့်ရင့်မျက်ဝန်းများဟာ လင်းလက်တောက်ပနေပြီး ကြည့်မိတဲ့သူတိုင်း ကျိန်စာသင့်နိုင်သည့် အစိမ်းရောင်ကြေးခွံများနဲ့နဂါးကြီးရယ်၊ ထိုအစိမ်းရောင်နဂါးဘေးနားတွင်လည်း အဖြူရောင်တောင်ပံကြီးကို ဖြန့်ထားကာ ရွှေရောင်ကြေးခွံများနဲ့ ခန့်ညားစွာ တည်ဆောက်ထားပြီး ရွှေရောင်မျက်ဝန်းတစ်စုံဟာ ကြည့်မိသူတိုင်းကို နွေးထွေးမှုများပေးနေပေမယ့် တဖက်မှာလည်း အကြောက်တရားဆိုသည့် ခံစားချက်ကိုပါပေးစွမ်းနိုင်သည့် ထိုရွှေရောင်အလင်းနဂါးကြီးဟာလည်း တည်ရှိနေသေးသည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now