ဒါကြောင့် အစွမ်းကုန်ခုခံကာကွယ်နေသည့် ရီယွမ်ရှန့်နဲ့လုဝေ့ကျီကြောင့် ဝမ်ဖေးရန်ဟာ စိုးရိမ်ပူပန်လာတော့သည်၊ သိုင်းအဆင့်တစ်ခုနဲ့တစ်ခုဟာ တစ်ဆင့်၊နှစ်ဆင့်ကာ ကွာခြားပေမယ့် အင်အားချင်းဟာ ပင်လယ်နဲ့မြစ်လို ကွာဟလွန်းသည်၊ သူကြောင့် သူခင်မင်ရတဲ့သူတွေကို မထိခိုက်စေချင်ပေ၊

ထိုချိန်မှာ နောက်ထပ် အနက်ရောင်အငွေ့အသက်များဝန်းရံထားသည့်တစ်ပေလောက်ရှိသည့် နဂါးဟာ သူတို့ဘက်ကိုအရှိန်ဖြင့်လာသည်ကိုမြင်တော့ ဝမ်ဖေးရန် ပိုမိုစိုးရိမ်လာတော့သည်၊ ပထမအနက်ရောင်နဂါးနဲ့တောင် ယွမ်ရှန့်နဲ့အစ်ကိုဝေ့ကျီ တော်တော်ခုခံနေရတာကိုး၊တစ်ခြားထျန်းကျီအဆင့်ကျင့်ကြံသူတွေဆို ထိုနေရာမှာတင် ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်ပေမယ့် ဇာတ်လိုက်အရှိန်အဝါပိုင်ဆိုင်ထားသည့်သူတွေဖြစ်တာကြောင့် သူတို့ကို ထိခိုက်မှုမရှိ ခုခံထားတာဖြစ်သည်၊

ဒါပေမယ့် နောက်ထပ်အနက်ရောင်နဂါးသေးတစ်ကောင် ပြေးဝင်လာသည်ကို မြင်တော့ ဝမ်ဖေးရန်လည်း အများကြီးတွေးတောမနေပဲ ရီယွမ်ရှန့်တို့နဲ့ ထိုအနက်ရောင်နဂါးသေးကြားထဲ ပြေးဝင်ကာ သူရဲ့နတ်နဂါးသိုင်းဝိညာဉ်ကိုထုတ်ဖော်လိုက်ပြီး ကာကွယ်ပေးရန်ကြိုးစားလိုက်သည်၊ သူမသေပေမယ့် တော်တော်ထိခိုက်ဒဏ်ရာရမည်ဆိုတာ သိသည်၊ဒါပေမယ့် ယွမ်ရှန့်တို့ ဒဏ်ရာမရဖို့က အရေးကြီးသည်၊ ထျန်းကျီအဆင့်သိုင်းပညာရှင်တွေတောင် မနဲခုခံရသည့် ထိုအနက်ရောင်နဂါးသေးကို ဒီချူံးအဆင့်တောင် မရောက်သေးတဲ့ဝမ်ဖေးရန်ကဘယ်လို ခုခံနိုင်မှာလဲ၊

အဝေးကနေရသည့်ဖိအားကြောင့်ပင် ဝမ်ဖေးရန်ရဲ့မျက်နှာလေးဟာ ဖြူဖျော့ဖြူဖျော်ဖြစ်သွားပြီး အတွင်းအဂါင်္များနာကျင်မှုကြောင့် မြေပြင်ပေါ် ဒူးတစ်ဖက်ထောက်ကာ နူတ်ခမ်းထောင့်မှာ သွေးများစီးကျလာတော့သည်၊ဒါပေမယ့် ဝမ်ဖေးရန်ဟာ ဆက်လက်ကာကွယ်ပေးနေဆဲပင်၊ ဖြစ်ပျက်သွားတာ တစ်မိနစ်တောင်မရှိတာကြောင့် အကုန်လုံးဟာ ရုတ်တရက်ကြီးပြေးဝင်ကာ သူတို့ကိုကာကွယ်ပေးသည့်ဝမ်ဖေးရန်ကြောင့် အံအားသင့်သွားပြီးနောက် မလုပ်ရန်လှမ်းအော်လိုက်ပေမယ့် နောက်ကျသွားပေသည်၊ အနက်ရောင်နဂါးဟာ ဝမ်ဖေးရန်ရဲ့ ရှစ်ပေအကွာသို့ ရောက်နေပြီဖြစ်သည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Donde viven las historias. Descúbrelo ahora