အပိုင်း ( ၂၁ ) ( Zawgyi )

Start from the beginning
                                    

ပွဲကျင်းပမည့်ရက် တဖြည်းဖြည်းနီးလာလေ အခန်းထဲ မုန့်လာရောင်းကြသည့်မေဂျာတွေလည်း ပိုစုံလာလေဖြစ်သည်။

ထိုင်းမေဂျာက ထိုင်းမုန့်ဟင်းခါး၊ တရုတ်မေဂျာမှ ဝက်သားတုတ်ထိုးနှင့် ကြာဇံကြော်၊ ဂျပန်မေဂျာမှ ဆူရှီ၊ မြန်မာစာမေဂျာမှ ထမနဲ၊ ကိုရီးယားမေဂျာမှ တော့ပူကီ အစရှိသဖြင့် အမျိုးပေါင်းစုံလင်လှသည်။

ထို့အပြင် ကျောင်း၌ ဖွင့်လှစ်ထားသည့် Dance Club, Debate Club, English Club, Taekwondo Club, Hiking & Mountaineering Club, Basketball Club, Anime Club, Badminton Club, Illustration Club, Swimming Club, Music Club စသည့် Club အသီးသီးမှလည်း မုန့်များ ပြုလုပ်‌ရောင်းချကြသည်။

ထို့အပြင် YUFL ကင်းထောက်အဖွဲ့အစည်း၊ တိုင်းရင်းသားအဖွဲ့အစည်း၊ Alumni Association စသည်တို့ကလည်း မုန့်များ‌လာရောင်းချကြသဖြင့် တစ်ခန်းလုံး ပျော်ပျော်ပါးပါး လက်မလည်အောင်ဝယ်စားနေကြရသည်။

ယခုလေးတင် ထိုင်းမေဂျာက ကလေးများက မုန့်လာရောင်းသွားကြသည်။ အစားသောင်းကျန်းသူမေမြတ်ကတော့ သူ့လက်ထဲမှာ အထပ်လိုက်ရှိနေသည့် မုန့်စားကတ်များအား ကြည့်ရင်း ကျေနပ်ပီတိဖြာဝေနေသည်။

ထိုစဉ် ...

“ မင်္ဂလာပါ အစ်ကိုတို့ အစ်မတို့ ... ညီမတို့က ရုရှားမေဂျာကပါရှင့် ... ညီမတို့မေဂျာက ရောင်းချမဲ့မုန့်ကတော့ ရေခဲမုန့်ဖြစ်ပါတယ် ... ဝယ်ယူအားပေးကြပါဦးနော် ”

မုန့်ရောင်းချရန်အတွက် အတန်းထဲကို ဝင်လာသည့် ရုရှားမေဂျာမှ ကလေးများ။

“ ဝယ်မယ် ... ဝယ်မယ် ... ဒီကို နှစ်စောင်ပေး ... မောင်လေး မမဆီကို လာ ... ”

အသံကျယ်ကြီးနှင့် ထအော်လိုက်သူက သူ့ဘေးနားမှာ ထိုင်နေသည့်မေမြတ်ဖြစ်သည်။ မေမြတ်ကို ကြည့်ရတာ အရမ်းကို တက်ကြွနေပုံပေါ်သည်။ ဘုရားလည်းဖူး လိပ်ဥလည်းတူးမည့်မေမြတ်ပါတကား။

မေမြတ်နား ရောက်လာသည့် ခပ်ချောချောကောင်လေးကို မြင်ဖူးနေသလိုလိုဖြစ်နေ၍ သေချာပြန်စဉ်းစားကြည့်မိတော့ ဈာန်ရောင်ခရဲ့သူငယ်ချင်းနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် လရောင်နှိုင်းမဲ့။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now