အပိုင်း ( ၁၉ ) ( Unicode )

Start from the beginning
                                    

လူတွေက အရမ်းခက်လွန်းသည်။ မိမိအပိုင်မဟုတ်မှန်းသိလျက်နှင့် လောဘတကြီး လက်ဝယ်ပိုင်ဆိုင်ချင်ကြသည်လေ။

ကားရပ်သည့်ကိစ္စနှင့် ပတ်သတ်ပြီး ပြဿနာပေါင်းစုံတက်လေ့ရှိသည့် တိုက်ပိုင်ရှင်တို့က ဈာန်ရောင်ခဆိုသည့်ကောင်လေးကိုကျ ပွဲပြီးမီးသေနေသည်။ ဒီကောင်လေးရဲ့ကားကို ဘာလို့များ သူတို့တိုက်ရှေ့မှာ နေ့တိုင်းလိုလို အေးအေးဆေးဆေးကားရပ်ခွင့်ပေးထားသည်လဲဆိုတာကို တကယ်မသိတော့ပေ။

အချိန်တွေကြာလာသည်နှင့်အမျှ လေးဆက် သိလာရသည်မှာ ဒီကောင်လေးက သိပ်ထူးဆန်းလွန်းသည်ဆိုတာပင်။

" ကိုကို "

လေးဆက် အရှေ့မှာရှိ‌နေသည့်ကားနက်ပြာ‌လေးကို ငေးကာ အတွေးလွန်နေမိသဖြင့် အနောက်မှာရောက်နေသည့်ကောင်လေးကို သတိမထားမိလိုက်ပေ။

" သွားမယ် ... လာ ... "

" ဟင် ! "

ရုတ်တရက် လေးဆက်ရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ သူ့ကားရှိရာသို့ ခေါ်သွားသည့်ကောင်လေးနောက်ကို လေးဆက် ကြောင်တောင်တောင်နှင့် ပါသွားသည်။ ကားနားရောက်ခါမှ သတိပြန်ဝင်လာသဖြင့် လက်ကို ဆောင့်ရုန်းလိုက်တော့လည်း ကောင်လေးက သူ့ကို အသာတကြည်လွှတ်ပေးလာသည်။

" ကားပေါ်တက် ... "

" မတက်ဘူး ... မင်းက ဘာဖြစ်လို့ ငါ့ကို ကားပေါ်အတင်းတက်ခိုင်းနေရတာလဲ "

" လိုက်ပို့ပေးမလို့ ... "

" ငါ အခု ဘယ်ကိုသွားမလို့လဲဆိုတာကိုရော မင်း သိရဲ့လား "

လေးဆက်ရဲ့အမေးကြောင့် ကောင်လေးက မသိမသာတစ်ချက်ပြုံးသည်။

" ရွှေဂုံတိုင်မှာရှိတဲ့ သိင်္ဂီရွှေရည်ဓာတ်ပုံတိုက် ... ဘွဲ့ဝတ်စုံသွားငှားဖို့အတွက်လေ "

ကျစ် ! သိနေလိုက် ... တစ်လောကလုံးမှာ ငါ့အကြောင်း မင်းပဲ သိနေလိုက်တော့ ... တင်းလာပြီ ...

" လာ ... ကားပေါ်တက် ... "

ကောင်လေးက ကားတံခါးကို အရံသင့်ဖွင့်ပေးလာသည်။

" ငါက ဘာကိစ္စ မင်းကားပေါ် တက်ရမှာလဲ "

" တီလေးက ဝရန်တာကနေ ကြည့်နေတယ် ... ကိုကို ကျွန်တော့်ကို အဖက်မလုပ်ဘဲ နေလို့မရဘူး "

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now