အပိုင်း ( ၁၇ ) ( Unicode )

Start from the beginning
                                    

လေးဆက်အနား အပြေးလေးရောက်လာသည့် မြတ်ကလေးရဲ့ကိုယ်လေးကို ပွေ့ချီလိုက်ပြီး ‌ပါးဖောင်းဖောင်းအိအိလေးကို တစ်ဝကြီးနမ်းရှိုက်လိုက်သည်။ အရင်တုန်းက အမြဲတမ်းပွေ့ချီနေကျ မြတ်ကလေးကိုတောင် လေးဆက် သိပ်မချီနိုင်တော့ပါလား။ သူပဲ အသက်ကြီးလာတာလား။ ဒါမှမဟုတ် ဒီက‌လေးမကပဲ အိမ်မှာ စားလိုက်သောက်လိုက်လုပ်နေလို့ ထွားလာတာလား။

မြတ်ကလေးကို မြေပြင်ပေါ်ပြန်ချပေးလိုက်တော့ သူက အောက်မဆင်းချင်ဟန်ဖြင့် လေးဆက်ကို ကုတ်ကပ်တွယ်ဖက်ထားသောကြောင့် လေးဆက်မှာ ပြန်ပွေ့ချီထားရသည်။ မြတ်ကလေးက လေးဆက်ရဲ့ပခုံးပေါ်‌ သူ့ခေါင်းလေး မှေးတင်ပြီး သူ့လက်သေးသေးလေးနှစ်ဖက်နဲ့ လေးဆက်ရဲ့လည်ပင်းကို ဖက်တွယ်ထားသည်။ အသက်ပဲ ကိုးနှစ်ရှိနေပြီ။ ပန်းမြတ်ရိပ်သွင်ကတော့ အခုထိ ကလေးဆန်ချင်တုန်း။ လေးဆက် မြတ်ကလေးအကြောင်းကိုတွေးမိတော့ နှုတ်ခမ်းထောင့်စွန်းလေးတို့က အပေါ်ဘက်သို့ကော့တက်သွားသည်။

“ မြတ်ကလေး … ဘွားတို့ရော ... ”

မြတ်ကလေးကလွဲလို့ တခြားလူရိပ်လူယောင်မ‌တွေ့သေးသဖြင့် လေးဆက်မေးလိုက်တော့မှ မြတ်ကလေးက ရှေ့ကို လှည့်လာကာ

“ ဘွားတို့က ပစ္စည်းယူနေလို့ နောက်မှာ ကျန်နေခဲ့တာ ... မြတ်က ကိုကြီးကို တွေ့လိုက်လို့ ပြေးလာတာ ... ကိုကြီးကို အရမ်းသတိရ‌နေတာ ... ကိုကြီးက ဒီတစ်ခေါက် ရွာကိုလည်းပြန်မလာဘူး ... မြတ်ကိုလည်း လာမတွေ့ဘူး ... မြို့ပေါ်မှာ ကောင်မလေး‌ချောချောလေးတွေကို တွေ့ပြီး မြတ်ကိုကျ မေ့နေတယ်ပေါ့ ... ကိုကြီး ရွာကို ပြန်မလာတာ ဘယ်လောက်ကြာနေပြီလဲ ... တစ်ယောက်တည်းရှိတဲ့ မြတ်ကိုကျ ရွာမှာ ပစ်ထားတယ် ... ကိုကြီးကို မချစ်ဝောာ့ဘူး ... ဟွန့် ... ”

လေးဆက်မှာ ညီမငယ်ရဲ့ချစ်စဖွယ်အဆက်မပြတ်ရန်တွေ့စကားကြောင့် သူ့ပါးလေးကို ဖွဖွလေးလိမ်ဆွဲလိုက်ပြီး

“ ကိုကြီးက မြတ်ကလေးကို သတိရတာပေါ့ကွာ ... ဒီတစ်ခေါက်က ဒီပလိုမာဝင်ခွင့်စာမေးပွဲဖြေနေရလို့ ကိုကြီး ရွာကိုပြန်မလာဖြစ်တာပါ မြတ်ကလေးရယ် ... ကိုကြီးမှာ ညီမဆိုလို့ ဒီတစ်ယောက်တည်းရှိတာ ... မေ့ပါဆိုရင်တောင်မှ ကိုကြီးက ဒီညီမလေးကို မမေ့နိုင်ပါဘူးဗျာ ဟုတ်ပြီလား ”

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now