အပိုင်း ၁၄

Start from the beginning
                                    

ဈေးထဲတွင် မွှေသင့်သလောက်မွှေ အဲ့လေ ဝယ်စရာရှိတာ ဝယ်ပြီး ပြန်ရန် ပိုင်ဝေ့ရှင်း မြင်းလှည်းရပ်ထားသည့်နေရာအား လှမ်းကြည့်ရာ ရှိသေးသည်ကို တွေ့လိုက်ရ၍ သွားရန်ပြင်လိုက်သည်။ အေးလေ ရှိမှတော့ ခြေညောင်းခံပြီးပြန်စရာလား ဝေးသေး ပိုင်ဝေ့ရှင်းတို့က ။

''ရှောင်ဖေးရေ... ငါတို့ကို မြင်းလှည်းကစောင့်နေသေးတယ်ဟ.. လာ စီးပြီးပြန်ကြမယ်''

'' သခင်မလေး.. အရှင့်သားကစောင့်ခိုင်းထားလို့စောင့်နေတာနေမှာပါ.. မြင်းလှည်းကတော့ သူ့ဟာသူမစောင့်လောက်ဘူး''

'' အော် ဥာဏ်ကြီးရှင်ပါလားဟယ်... အာ့တာတော့ နင်ပြောမှလား ငါသိတာပေါ့.. ''

'' ဟီး မသိဘူးလေ သခင်မလေးရဲ့ ရှောင်ဖေးက အကောင်းပြောပြတာကို''

မြင်းလှည်းမောင်းတဲ့အစေခံက လှည်းပေါ်သို့တက်ရန် ခုံပုလေးတခုံအား ချပေးလေသည်။ ပိုင်ဝေ့ရှင်း ရှောင်ဖေးလက်ကို ကိုင်ကာ တက်ရန် အားပြုစဉ်

''' ကယ်ကြပါအုံးဗျို့ ကျတော့်ရဲ့ မြင်း စိတ်ရူးပေါက်ပြီး လွှတ်သွားလို့ ဖမ်းကြပါဦးဗျို့....!!! ''

ပိုင်ရှင်လက်ထဲမှ လွတ်လာသောမြင်းသည် ပိုင်ဝေ့ရှင်းတို့ရှိရာဆီသို့ ဦးတည်ကာ ဒုန်းစိုင်းပြေးလာနေလေသည်။
ရှောင်ဖေး သခင်မလေးရှေ့မှ ကာကွယ်ရန်ပိတ်ရပ်လိုက်သော်လည်း ထိုမြင်းအနားမရောက်မီ မြင်း၏ရှေ့ခြေထောက်မှာ ခွေယိုင်ကာ လမ်းမပေါ်သို့ ပစ်လဲကျသွားသည်။
ရှောင်ဖေး မိမိရှေ့မှ မားမားရပ်ကာ အေးဆေးရပ်ကြည့်နေသော ယောကျာ်းပျိုတယောက်ကြောင့် ရင်တထိတ်ထိတ်ခုန်သွားရသည်။ (ကြွေမသွားနဲ့နော် မိဖေးရေ)
ကိုယ်ရံတော် ကျန့်ဇီ သခင့်အမိန့်ကြောင့် ပိုင်သခင်မလေး အနီးအနားတွင် စောင့်ရှောက်နေရင်း အန္တရာယ်ရှိသောကြောင့် လူလုံးထွက်ကာ ကာကွယ်လိုက်ရသည်။

'' ကျတော်မျိုး နောက်ကျသွားလို့ ပိုင်သခင်မ ထိတ်လန့်သွားရရင် တောင်းပန်ပါတယ်.. ခွင့်လွှတ်ပေးပါ ''

'' ဒီလောက်လေးနဲ့ထိတ်လန့်ရအောင် ငါက အာ့လောက်တောင် အသည်းငယ်တယ်မှတ်နေလား'' လူဟဲ့ ယုန်မဟုတ်ဘူး''

ချစ်သောဗီလိန်လေး 1  (Complete) Where stories live. Discover now