အခန်း ၁၈၇

Start from the beginning
                                    

ဒါပေမဲ့ ညစာစားပြီးသွားတော့ ဒီလိုနည်းလမ်းက သူ့အတွက်မဟုတ်ဘူးဆိုတာကို Sir Ainno သိလိုက်ရသည်. အဲ့လို အတ္တကင်းမဲ့တဲ့အချစ်မျိုးက Lucius အတွက်သာဖြစ်ပြီး သူ့အတွက်မဟုတ်ပေ. စည်းမဲ့ကမ်းမဲ့ တိုင်းပြည်တွေကို သိမ်းလာတဲ့သူက အချစ်နဲ့ပတ်သက်လာတော့ သတ္တိကြောင်တဲ့သူတစ်ယောက်ဖြစ်သွားပြီး Sir Ainno အနေနဲ့ကတော့ ဒီလိုလိုက်လုပ်စရာအကြောင်းမရှိပေ.

Acreia ရဲ့ အကောင်းဆုံးစစ်သည်ဖြစ်တဲ့ Sir Ainno က ဧကရာဇ်ရဲ့အရှေ့မှာ ကြေငြာပြောဆိုလိုက်သည်.

"ကျွန်တော်ချစ်တဲ့အမျိုးသမီးကို လက်ထပ်လို့ရအောင် လုပ်မှာ အရှင်"

"သူမက မင်းကို မချစ်ဘူးဆိုရင်တောင်မှပဲလား?"

"လက်ထပ်တဲ့နေရာမှာ ဘယ်တုန်းက ဒီလိုခံစားချက်တွေပါလာတာလဲ?"

"Inno.... ဒီလိုမလုပ်ပါနဲ့. မင်းသူမကို တကယ်ချစ်တယ်ဆိုရင် မင်းသူမအပေါ်ကို ကြင်နာသင့်တာ. သူမရဲ့ ခံစားချက်တွေနဲ့ လိုအပ်ချက်တွေကို ထည့်စဉ်းစားပေးသင့်တာ ဒါကမှ ယောက်ျားကောင်းတစ်ယောက်လုပ်သင့်တာလေ"

"အရှင်. ကျွန်တော်က အရှင့်လို စေတနာကောင်းတဲ့ လူကြီးလူကောင်းတစ်ယောက်မဟုတ်ဘူး. ကျွန်တော်မလုပ်နိုင်ဘူး"

Sir Ainno က လက်တွေ့ဆန်တဲ့သူဖြစ်သည်. Lucius ကို အတုယူမိတာက အမှားတစ်ခုဖြစ်သည်. သူချစ်တဲ့အမျိုးသမီးက သူ့ကို ပြန်ချစ်လာဖို့ကို စောင့်နေတာက ဧကရာဇ်အတွက် အဓိပ္ပါယ်ရှိပေမဲ့ Sir Ainno အတွက်ကတော့ အဓိပ္ပါယ်မရှိပေ. တကယ်လို့ သင်လူတစ်ယောက်ကို မုန်းရင် အဲ့လူကို ထိုးပစ်သင့်သည်. တကယ်လို့ တစ်ယောက်ယောက်ကို ချစ်နေရင်တော့ အဲ့လူကို နမ်းသင့်သည်.

အချစ်က ဘာလို့စွမ်းအားကြီးတာလဲဆိုတာကို Sir Ainno က နားမလည်နိုင်ပေ. အဲ့တာက ဧကရာဇ်ကို မျက်ရည်ကျစေပြီးတော့ သူ့ကို အသက်ရှင်လျက် ပူလောင်ခံစားနေစေသည်.

Lucius က သူ့သူငယ်ချင်းကို စိတ်ဆိုးသွားသည်. ကိုယ့်ကို ပြန်မချစ်နိုင်တဲ့အမျိုးသမီးတစ်ယောက်ကို ချစ်နေရတာက ဘယ်လောက်ပင်ပန်းလဲဆိုတာကို သူသိသည်. အာဏာရှိတဲ့လူတစ်ယောက်က အချစ်မှာကျဆုံးသွားတာ ဘယ်လောက်အန္တရာယ်များတယ်ဆိုတာကိုလဲ ဧကရာဇ်က သိနေသည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now