အခန်း ၁၈၄

Start from the beginning
                                    

"အဲ.. အဲ့တုန်းက ကျွန်တော်က သာမန်လူတန်းစားတွေအတွက် ဆေးရုံဖွင့်မလို့ စဉ်းစားခဲ့တာ. ပရဟိတတော့မဟုတ်ဘူး"

"ဟမ်.. အဲ့တာက သိပ်မကြားဖူးတဲ့ အကြံအစည်ပဲ. ပုံမှန်ဆိုရင် အထက်တန်းလွှာတွေက သာမာန်လူတန်းစားတွေဆီကနေ ပိုက်ဆံမယူပဲ အခမဲ့ဆေးခန်းဖွင့်ဖို့ ရန်ပုံငွေချပေးရမှာလေ"

"..ဟုတ်ပါတယ်"

"မင်း တော်ဝင်ဆေးသင်တန်းကနေ မောင်းမထုတ်ခံရတာကို ငါအံ့ဩတယ်"

"ဟုတ်ကဲ့. ဒါပေမဲ့ ကျွန်တော် တော်တော်လေး အဆူခံလိုက်ရတယ်လေ. ဒါနဲ့ပဲ ကျွန်တော့်ရဲ့အကြံအစည်ကို လက်လျော့လိုက်တာ. ဟဟ"

Frau က ဘာတွေဖြစ်ခဲ့လဲဆိုတာကို ရိုးသားစွာနဲ့ ရှင်းပြလိုက်သည်. Frau ကို သူ့မိသားစုကနေ မောင်းထုတ်ပြီးတဲ့အချိန်မှာ ဒီကိစ္စဖြစ်ခဲ့တာကြောင့် Baron Redikal က သူ့အတွက် စိတ်မကောင်းဖြစ်သွားခဲ့သည်. ဒါကြောင့်ပဲ Baron Redikal က Frau ကို ရဲတိုက်ကနေ မောင်းမထုတ်ခဲ့တာဖြစ်သည်.

သူက အထက်တန်းလွှာအသိုင်းအဝိုင်းမှာ ဝင်မဆန့်တော့တာကြောင့် သာမာန်လူတန်းစားတွေအတွက် ဆေးရုံဖွင့်ဖို့ စိတ်ကူးရခဲ့တာဖြစ်သည်. အဲ့တုန်းက အထက်တန်းလွှာတစ်ယောက်အဖြစ် နေထိုင်ဖို့ကို မေ့လိုက်ပြီး သာမာန်လူတန်းစားအဖြစ် နေဖို့ လိုကြောင်း သူထင်ခဲ့သည်.

အခုတော့ အဲ့အကြံက အရမ်းမိုက်မဲတဲ့အကြံဖြစ်ကြောင်း သူသိသွားခဲ့သည်. Frau က Poliana ကို ပြောလိုက်သည်.

"သာမာန်လူတစ်ယောက်လိုနေဖို့ ကျွန်တော် အရမ်းကြိုးစားခဲ့ရတာ"

Poliana က တိတ်တဆိတ်တွေးလိုက်သည်.

'ဝိုး ဒီလူက အရမ်းရိုးသားတာပဲ'

လူအများစုက အကျယ်တဝင့်ထုတ်မပြောရဲတဲ့အကြောင်းအရာကို Frau က ထုတ်ပြောခဲ့သည်. သူက သူမနဲ့ ပတ်သက်ပြီး အရမ်းရိုးသားခဲ့ကာ Poliana ကလဲ ဒီအချက်ကို သဘောကျခဲ့သည်. အမျိုးသမီးအများစုက သူပြောတဲ့အကြောင်းအရာတွေကို သဘောမကျလောက်ပေမဲ့ Poliana ကတော့ သူ့ကို အထင်ကြီးသွားသည်. သူ့ရဲ့အတိတ်က အမှားတွေနဲ့ အားနည်းချက်တွေကို ပြောပြတာက ယောက်ျားတစ်ယောက်အတွက် ခဲယဉ်းတဲ့ကိစ္စဖြစ်ပေမဲ့ Frau ကတော့ ဒီအချက်တွေကို ဂရုမစိုက်ခဲ့ပေ. သူက Poliana သိတဲ့ အမျိုးသားအများစုလိုမျိုး သန်မာချင်ယောင်လဲ မဆောင်ခဲ့ပေ.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now