အပိုင်း ( ၁၄ ) ( Zawgyi )

Start from the beginning
                                    

YUFL မှာဆိုရင်တော့ Fresher Welcome ကို သုံးကြိမ်သုံးခါတိတိကျင်းပလေ့ရှိသည်။ ဒါပေမဲ့ ကိုယ့်မေဂျာက စီနီယာတွေ ကြီးကြပ်စီမံကွပ်ကဲသည့်အတိုင်း တစ်ခါတလေကျပြန်တော့လည်း Fresher Welcome ကို နှစ်ခါပဲ ကျင်းပဖြစ်သည့်နှစ်တွေလည်း ရှိသည်။

ပထမဆုံးပွဲကတော့ အပေါ်ဆုံးမှာပြောထားတဲ့အတိုင်း YUFL The Whole Fresher Welcome ပါပဲ။ နာမည်နဲ့လိုက်အောင် တက္ကသိုလ်တစ်ခုလုံးက မေဂျာတွေအကုန်လုံးအတွက် စုစုစည်းစည်းကျင်းပပေးသည့်‌ မောင်မယ်သစ်လွင်ကြိုဆိုပွဲကြီးဖြစ်သည်။

အဲဒီနေ့ အဲဒီရက်မှာတော့ ပထမနှစ်တွေကလွဲရင် ကျန်တဲ့အတန်းကြီးတွေအတွက် အတန်းပိတ်လေ့မရှိပေမဲ့လည်း အတန်းကို လာတက်ကြတဲ့လူတွေ မရှိကြတဲ့အတွက် YUFLer တွေအတွက် အလိုလိုလွတ်လပ်ရေးရတဲ့နေ့တစ်နေ့လည်းဖြစ်သည်။

နောက်ထပ်တစ်ခုကတော့ မေဂျာလိုက် Indoor Fresher Welcome ဖြစ်သည်။ မေဂျာတစ်ခုချင်းစီအလိုက် စီနီယာ ဂျူနီယာရင်းနှီးမှုရှိအောင် တက္ကသိုလ်ဝန်းအတွင်းမှာပဲ ကျင်းပတဲ့ မေဂျာလိုက်မောင်မယ်သစ်လွင်ကြိုဆိုပွဲပါ။ သီချင်းတွေဆိုကြ၊ ကကြနဲ့ အရမ်းပျော်စရာကောင်းတဲ့ပွဲလေးတစ်ပွဲဖြစ်သည်။

နောက်ဆုံးတစ်ခုကတော့ မေဂျာလိုက် Outdoor Fresher Welcome ဖြစ်သည်။ ပထမနှစ်ကလေးတွေကို အဓိကထားပြီး နေ့ချင်းပြန်ခရီးထွက်ကာ ကျင်းပကြသည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲဖြစ်သည်။ ပထမနှစ်ကလေးတွေအတွက် ကျင်းပပေးတယ်လို့ပြောကြပေမဲ့ ခရီးစဉ်ကို မေဂျာမှာရှိတဲ့လူတိုင်း လိုက်လို့ရသလို ကိုယ့်အပေါင်းအသင်းမိတ်ဆွေတွေကိုလည်း ခေါ်လာခွင့်ရသည်။ ဒီမောင်မယ်သစ်လွင်ကြိုဆိုပွဲမှာပဲ မေဂျာထဲက King, Queen, Prince, Princess တို့ကို ရွေးချယ်လေ့ရှိသည်။

Indoor နဲ့ Outdoor Fresher Welcome တွေအတွက် နောက်ဆုံးနှစ်စီနီယာတွေက ဦးစီးဦးဆောင်ပြုရပြီး ကျန်ရှိနေသည့် ဒုတိယနှစ်နဲ့ တတိယနှစ်က ကလေးတွေကလည်း စီနီယာတွေကို လိုအပ်တာ ကူညီပေးရသည်။

YUFL မှာ အများဆုံးကဘာလဲဆိုရင် ပျော်ပွဲရွှင်ပွဲလို့တောင် ဆိုရမည်လားမသိ။

ဖေ့ဘုတ်ခ်သုံးနေရင်း တက်လာသည့် YUFL ၏‌မောင်မယ်သစ်လွင်ကြိုဆိုပွဲများအကြောင်း‌ ရေးသားထားသော စတေးတပ်စ်ကိုဖတ်မိပြီး လေးဆက်ရဲ့မျက်နှာလေးက တဖြည်းဖြည်းပြုံးယောင်သမ်းလာသည်။ သူလည်း YUFL မှာ ကျောင်းလေးနှစ်တက်ခဲ့ရသည့်‌ ကျောင်းသားဟောင်းတစ်ယောက်ဖြစ်သည့်အတွက် ကျောင်းက ကျင်းပတဲ့ပွဲတွေ အလီလီကို ဆင်နွှဲခဲ့ဖူးသည်။ အမှန်တကယ်ကိုပင် ပျော်ပွဲရွှင်ပွဲလည်း များသလို စာလည်းများသည့် တက္ကသိုလ်တစ်ခုပင်ဖြစ်သည်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now