"ဒီကလေး က ဒီလောက်ထိလှသလား"

အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းကို လက်ချောင်းတို့နဲ့ခပ်ဖွဖွထိတွေ့ကာ အပြုံးတို့က မဖိတ်ခေါ်ရပါပဲ Jungkook နှုတ်ခမ်းပေါ်မှာခိုတွဲသည်...

တအင့်အင့်လူးလွန့်လာသောကိုယ်ကြောင့် လက်တို့အားရုတ်မိကာ အသက်ပင်ပြင်းပြင်းမရှုရဲ.. မိနစ်အနည်းငယ်ကြာမှ ကုတင်ပေါ်တက်ကာ ကောင်လေးငယ်အားရင်ခွင်ထဲထည့်ရင်း တစိမ့်စိမ့်ကြည့်နေမိသည်..

..အခုထိ ကိုယ့်ကိုစောင့်နေပေးလို့ ကျေးဇူးတင်တယ်ကောင်လေး...

နှဖူးပြင်လေးအား အကြိမ်များစွာဖိကပ်နမ်းကာ ကောင်လေးဆီက စတော်ဘယ်ရီနံ့သင်းသင်းလေးအားတိတ်တခိုးရှုရှိုက်ရင်း မျက်ဝန်းတို့အားပိတ်ချမိတော့သည်..

...ချစ်တာတော့မဟုတ်သေးဘူးထင်တယ်...

..............

Taehyung မျက်လုံးတို့အားမဖွင့်ချင်ဖွင့်ချင်အားယူဖွင့်နေမိသည်... မဖွင့်လို့လည်းမရ လူတစ်ကိုယ်လုံးအရိုးတွေကြေမတတ်ဖိညှစ်ခံထားရတာကြောင့်ပင်...ထို့အပြင် ရင်းနှီးနေတဲ့ ရနံ့တစ်ခုရယ် ပါးပြင်အထိရိုက်ခတ်နေတဲ့ ဝင်လေထွက်လေ လေနွေးနွေးရယ်..

ခါးပေါ်ကလက်တွေကြောင့် လူကအလန့်တကြား

..WTF ငါ ဘယ်သူ့ရင်ခွင်ထဲကြီးရောက်နေတာလည်း...

မျက်လုံးတို့အားဖွင့်မိတော့ လူတစ်ကိုယ်လုံးနောက်ဆုပ်ကာတွန့်သွားရင်း

"ဘုတ်...ဒုန်း.."

"အာ့ သေပါပြီ "

Jungkook လည်းနိုးလာတော့ ကုတင်အောက်မှာကျနေတဲ့ထိုကောင်လေး..မျက်လုံးပြူးလေးတွေနဲ့ကြည့်လာတဲ့ကောင်လေးကိုကြည့်ရင်း

"ဘာလဲ သရဲမြင်လို့လား ငါသရဲမဟုတ်ဘူး "

"ဘယ်...ဘယ်လိုလုပ်.."

"ညကရောက်တာလေ ငါ့အခန်းငါပြန်လာတာ"

"ဟင် ဒါနဲ့ကျွန်တော်နဲ့အစ်ကိုလေးကဘယ်လိုလုပ် ကုတင်ပေါ်"

"အာ ဒါလား အစကမင်းက ကုတင်အောက်မှာအိပ်နေတာ ငါကငါ့ဘာသာ ကုတင်ပေါ်တက်အိပ်တာ ပြီးတော့ချမ်းတယ်ဆိုပြီး ကုတင်ပေါ်တက်လာတာလေ..ကျန်တာတော့ ငါလည်းမသိဘူး"

💜 Lovely Tae 💜 (Completed)Where stories live. Discover now