...သောက်ရူးလိုမျိုးပဲ Kim Taehyung .....

ဓာတ်ပုံကြီးကိုမမှိတ်မသုန်ကြည့်ရင်း သူ့အငွေ့အသက်တို့ပြည့်နေတဲ့ သူ့အိပ်ယာပေါ်ထိုင်နေမိသည်..

...ဒီညလည်း သူ့အခန်းမှာပဲ မိုးလင်းတော့မယ် ထင်ပါရဲ့....

................

Jungkook မျက်လုံးတို့အားမယုံနိုင်စွာပင် ကုတင်ကျယ်ကြီးအပေါ်မှ အိပ်မောကျနေသော ကောင်လေးအားကြည့်မိသည်...

ဒါ..သူ့အပိုင်လေး...TV ဖန်သားပြင်တွေပေါ် Internet , မဂ္ဂဇင်း , Korea ရဲ့နေရာအနှံ့သူ့အရုပ်လေးရဲ့ ပုံရိပ်တွေကစိုးမိုးထားသည်...အရင်ကလိုအဝတ်အစားညစ်နွမ်းနွမ်းနဲ့ကောင်လေး ဆံပင်အုပ်အုပ်နဲ့ကောင်လေးမဟုတ်တော့...

စိမ်းပြာရောင်ဆံပင်လေးတွေနဲ့ ဖြူနုနေတဲ့မျက်နှာလေး... နားပေါက်မရှိတဲ့ကောင်လေးကအခုဆို နားကပ်ကြိုးမျှင်ရှည်ရှည်လေးတွေပါဆွဲထားတာကပိုကရိုပင်လှသည်... ညအိပ်ဝတ်စုံဝက်ဝံရုပ်ဝမ်းဆက်လေးက တစ်ကိုယ်လုံးဖုံးထားပေမယ့် အနည်းငယ်ပေါ်နေတဲ့အသားအရေလေးတွေကအစ ဝင်းမွတ်နုဖတ်နေသည်..

လက်ကောက်ဝတ်က ဟန်းချိန်းမျှင်မျှင်လေးတွေ ဖြူဥကာသွေးကြောစိမ်းလေးတွေပင်မြင်နေရသည့် လက်ချောင်းသွယ်သွယ်လေးတွေ...ခြေချင်းဝတ်လေးပဲပေါ်တာကြောင့် ခြေချောင်းနီနီလေးတွေ ခြေဖဝါးရဲရဲဥဥလေးတွေနဲ့ တကယ်ကို အသည်းယားစရာ...

လေယာဉ်ဆိုက်တာနဲ့ ချက်ချင်း အိမ်ပြန်လာကာ ကောင်လေးကိုရှာပေမယ့် အခန်းထဲမရှိတာကြောင့် အိမ်မှာမနေဘဲ ထွက်သွားပြီလားဆိုတဲ့အသိနဲ့ ရင်မောစွာ အခန်းထဲဝင်လာမှ သူ့ခုတင်ပေါ်မှာ အိပ်မောကျနေတဲ့ သူ့အပိုင်လေးအားတွေ့တော့သည်..

ငေးနေရင်းကို မျက်ရည်တွေဝေ့လာကာ မကြည့်ဘဲလည်းမြင်နေရသော အလှတရားတို့အား စေ့စေ့စပ်စပ်ကိုကြည့်ရင်း မြတ်နိုးမှုမှာ တရိပ်ရိပ်မြှင့်တက်နေရသည်...

လက်ထဲကိုင်လာသမျှ အကုန်လွှတ်ချပြီး ခုတင်ဘေးဒူးထောက်ကာ မျက်နှာလေးအားငုံ့ကြည့်မိတော့
မျက်တောင်ရှည်ကြီးတွေကပါးပြင်ပေါ်ထိပင်အရိပ်ကျနေသည်..ပါးပြင်လယ်ကမှဲ့နက်လေး မျက်လုံးအောက်နားကမှဲ့နက်လေး.. နှာခေါင်းထိပ်ကမှဲ့နက်လေး အောက်နှုတ်ခမ်းထောင့်က နှုတ်ခမ်းသားပေါ်က မှဲ့နက်လေးတွေမှာ ထင်းခနဲ..

💜 Lovely Tae 💜 (Completed)Where stories live. Discover now