အခန်းတစ်ခုရဲ့တံခါးရှေ့ရောက်နေကာ အခန်းထဲဝင်ရန် ချီတုံချတုံဖြင့်ရပ်နေမိသည်..

ဝင်လာပြီး လှည့်ပတ်ကြည့်ရှုမိတော့ ပိုင်ရှင်မနေတာကြာတဲ့ အခန်းကျယ်ကြီးမှာ တောက်ပြောင်သပ်ရပ်နေကာ Taehyung အားလှောင်နေသလိုလို...

နံရံတစ်ခုလုံးအပြည့်ကပ်ထားသာ ဓာတ်ပုံထဲမှ ချောမောခန့်ညားသော လူသားအားကြည့်နေမိသည်...
ပိုက်ဆံတွေ သုံးမကုန်အောင် ချမ်းသာနေပေမယ့် သိန်းတစ်ရာကိုလျော်ပြီး အခုထိထွက်မသွားနိုင်ရခြင်းရဲ့ အကြောင်းပြချက်..

မိမိအပေါ်ကြင်နာမှုမရှိတဲ့လူသားအနားကထွက်မသွားနိုင်တာ ရယ်ချင်စရာကောင်းသည်..အဲ့နေ့ကတည်းကလုံးချေကာ သူ့မျက်နှာချောချောအပေါ်ပစ်ပေါက်မိတဲ့ ဘယ်ရောက်သွားမှန်းမသိတဲ့စာချုပ်တစ်ခုထဲက စည်းကမ်းချက်ကို အခုထိလိုက်နာနေမိတာက ပိုခံပြင်းစရာကောင်းသည်..

သူ့အငွေ့အသက်တွေပြည့်နေတဲ့ အခန်းထဲ ညတွေဆို လာလာပြီး အတ္တကြီးတဲ့လူသားကို သတိရကာငိုနေတတ်တဲ့သူက အရူးလိုပင်...ပြဿနာတက်တဲ့ညက မနက် ၄ နာရီထွက်သွားမှာမသိဘဲ နှုတ်တောင်မဆက်လိုက်ရတဲ့ကိုယ့်ကိုယ်ကိုယ်မုန်းသည်...

ကျောင်းပြီးမှ တရားဝင်ကိုင်ရတဲ့ Ph နဲ့အတူ တိတ်တဆိတ်မှတ်ထားတဲ့ Ph no ကိုအရူးလိုခေါ်နေမိတဲ့သူ... တစ်ခါပဲကိုင်ပြီး Hello ထူးသံကြောင့် အရူးလိုမျက်ရည်တွေကျလာပြီး စကားသံမထွက်ဘဲ ငိုနေမိတဲ့သူ...၅ နှစ်ကြာပြန်လာပြီး နှိပ်စက်မယ်ဆိုတဲ့ ထိုလူသားက ၇ နှစ်ကြာတဲ့အထိပြန်မလာခဲ့တာကို အခုထိထွက်မသွားနိုင်ဘဲ စောင့်နေမိတဲ့သူ ..

....မင်းကမှ အရူးပဲ Kim Taehyung.....

ဒီအိမ်ကြီးကို စရောက်ရောက်ပြီး နောက်တစ်ရက်မနက်မှာ ထိုလူသားနဲ့မိတ်ဆက်ပေးကတည်းက မသိစိတ်ထဲကခင်တွယ်မိခဲ့တာတွေ....သူဘယ်လောက်အနိုင်ကျင့်ကျင့်စိတ်မနာနိုင်တာတွေ...

သူ့ခွင့်ပြုချက်မရပဲ ရည်းစားမထားနဲ့ဆိုလို့ အခုလိုအောင်မြင်တဲ့ Model တစ်ယောက်ဖြစ်ပြီး လိုချင်သူတွေဝိုင်းဝိုင်းလည်နေတာတောင် အချစ်ရေးမှာ နာမည်မထွက်တဲ့သူ...

💜 Lovely Tae 💜 (Completed)Where stories live. Discover now