...............
"အစ်ကိုလေး ရပါပြီ"
"စားပွဲပေါ်တင်ထားခဲ့လိုက်"
Jungkook ပြောသလို စားပွဲပေါ်တင်ပြီးထွက်သွား ရန်ပြင်နေတော့
"Kim Taehyung "
"ဗျာ"
"ခန"
Jungkook ရပ်နေတဲ့ မှန်ပြတင်းနား Taehyung ပါရောက်သွားသည်...
အနားရောက်သည်အထိ တစ်ခွန်းမှမပြောပဲပြတင်းအပြင်ကိုသာငေးနေတဲ့ အစ်ကိုလေးကြောင့် Taehyung ပါအကြောင်းမရှိအပြင်သို့ငေးနေရင်း
"ငါ ဒီစာမေးပွဲပြီးတာနဲ့ US ကိုသွားတော့မှာသိလား "
"ဟုတ် သိပါတယ်"
"မင်းနဲ့ Jimin ဆက်ဆံရေးကဘယ်လိုလဲ"
"ဘာကိုလည်းအစ်ကိုလည်း"
"Jimin က မင်းအပေါ်မရိုးသားဘူး "
"အထင်မှားနေတာပါ Hyg က ကျွန်တော့်ကို မရိုးမသားဘာမှမပြောဘူး အခုထိ"
"နောက်ဆိုရင်ရော"
"ဟင်"
Jungkook စကားသံကြောင့် ခုနကသူမေးတာတွေဖြေရင်းငုံ့ထားတဲ့ခေါင်းလေးမော့လာတာကြောင့် ကောင်လေးရဲ့မျက်ဆံနက်နက်လေးတွေထဲအထိ စိုက်ကြည့်ပစ်ကာ
"ငါမရှိတုန်း ဟိုတစ်ခါကလိုမင်းကိုလာခေါ်ခဲ့ရင် လိုက်သွားမှာမလား"
"........."
"မလိုက်သွားရဘူး Kim Taehyung..မင်းကငါ့အပိုင်..ငါ့ခွင့်ပြုချက်မရဘဲ ငါ့ဆီကနေထွက်သွားခွင့်မရှိဘူး ငါပြန်လာတာနဲ့ မင်းကို ဒီမှာပဲတွေ့ချင်တယ်"
"ဟုတ်ကဲ့ပါအစ်ကိုလေး..အဲ့ဒီအစား ကျွန်တော် အလုပ်လုပ်တာကိုခွင့်ပြုပေးပါ "
"ကောင်းပြီ မင်းထွက်မသွားရင်ရပြီ စာသွားကျက်တော့ "
"ဟုတ်ကဲ့ "
Taehyung အခန်းထဲရောက်သည်အထိ ရင်ထဲတစ်မျိုးကြီးပင်...ဒီတစ်ပတ်ပြီးတာနဲ့ အဲ့ဒီလူသူ့အနားကထွက်သွားတော့မှာကို ခုထိမယုံနိုင်သေး...အလုပ်တွေမခိုင်းတော့လို့ ဝမ်းသာရမှာလား.. ကျောင်းတက်နေတုန်း စားဖို့အစားစာကအစဝယ်ပေးရခြင်းကနေ ကင်းလွတ်တော့မှာမလား ..
YOU ARE READING
💜 Lovely Tae 💜 (Completed)
FanfictionTae ဆိုတဲ့ကောင်လေးက ကျွန်တော်ပိုင်တဲ့အရုပ်ပဲ အဲ့ဒီအရုပ်လေးကို အလှကြည့်နေချင်တဲ့ဆန္ဒထဲမှာ ပိုင်ဆိုင်ချင်တဲ့အတ္တအနည်းငယ်ပါလာတဲ့အခါ အချစ်လို့ခေါင်းစဉ်တပ်လို့ရမလား..ဒါဆို Tae ကိုချစ်နေပါတယ်ပေါ့ Jeon Jungkook ဘဝတစ်ခုလုံးကို ငွေနဲ့လဲပြီးဝယ်ထားတယ်ဆိုတိုင်း...
Part-5
Start from the beginning
