U | 第十八集

37 8 0
                                    

Chapter 18

"ဒီနက်နဲတဲ့ သတ္တလောကကြီးမှာ မဖောက်ဖျက်သင့်တဲ့စည်းကမ်းတွေ ရှိတယ်။ အဲ့ဒါတွေကို ချိုးဖျက်မိတဲ့အခါ ထိုက်တန်တဲ့တန်ဖိုးတစ်ခုနဲ့ ပြန်လည်ပေးဆပ်ရတတ်တယ် Yixing."

အဘွားက Yixing ကို မကြည့်နေဘဲ ရှေ့မှ ကြွေပန်းအိုးထဲသို့ ပန်းပွင့်တွေ အရွက်တွေ စိုက်ထိုးနေသည်။ ဆေးထပ်မဆိုးထားတာမို့ ဖြူဆွတ်ဆွတ်ဆံပင်တို့ စိုးမိုးထားခြင်းခံရသည့် အဘွား၏ ဆံထုံးမှာ နှင်းဆီပွင့်တို့ဝေနေသည်။ အဘွားက အဲ့ဒီလိုပင် အမြဲတမ်း ပန်းတစ်မျိုးမဟုတ် တစ်မျိုးကို ထုံသင်းနေအောင် ပန်ထားတတ်စမြဲ။

"အဲ့ဒီဘုရားကျောင်းမှာရှိတဲ့ မြေအိုးထဲက ဝိညာဉ်က လူကောင်းမဟုတ်ဘူး။ လူဆိုး။ သူ့ကို အဘွားမသိအောင် လွှတ်ပေးတော့ ဘာတွေဖြစ်သွားလဲ... ကြည့်စမ်း"

Yixing ဒူးတုပ်ထိုင်ရင်း ခေါင်းငုံ့ကာ ကိုယ့်လက်ကိုယ် ငုံ့ကြည့်နေမိသည်။ လက်နှစ်ဖက်ပေါ်မှာ အနာကပ်ပလာစတာနှင့် ဆေးဝါတို့က နေရာယူထား၏။ ကိုယ့်အမှားကိုယ်သိသော်လည်း ဝန်ခံရမှာ ကြောက်သည်မို့ လက်သီးတွေကို ဆုပ်ပစ်လိုက်ရင်း အဘွားပြောမည့်စကားတွေကို ဆက်နားထောင်နေလိုက်သည်။

"မင်းနဲ့အတူဆော့ပေးမဲ့ ဝိညာဉ်ကောင်းတွေရှိပေမဲ့ လူဆိုးတွေလည်းရှိတယ် Yixing. အခု နားလည်သွားပြီလား"

Yixing ခေါင်းကို နှစ်ခေါက်သုံးခေါက်ညိတ်ပြလိုက်မိသည်။ တကယ်လည်း နားလည်သွားပြီလေ။ စပ်ဖျင်းဖျင်းဖြစ်နေသော လက်ဖမိုးတွေက ဘောင်းဘီစနှင့် မထိမိဘဲနဲ့တောင် ယောင်ကိုင်းပြီး နာနေသည်။ လက်ဖမိုးကိုပါ ဆေးထပ်ထည့်ခိုင်းလို့ကတော့ နာလို့မသေဘဲ အမေရဲ့သြဝါဒပိပြီး သေမှာပဲ။

စိတ်ပေါက်ပေါက်နဲ့တွေးရင်း Yixing အဘွားကို မော့ကြည့်မိတော့ အဘွားမျက်လုံးတွေမြင်ကာ အောက်ပြန်ငုံ့လိုက်ရသည်။ လျှာထိုးကြမ်းပြင်ပေါ်မှ ဖျာချပ်တစ်ချပ်က နှီးစတစ်စထွက်နေသည်ကို မြင်သောအခါ လက်က လှမ်းဖဲ့ပစ်ချင်သော်လည်း အဘွားကို ကြောက်တာမို့ ငြိမ်သက်စွာ ဆက်ထိုင်နေရသည်။

Spirit Whisperer [Kray]Where stories live. Discover now