U | 第十四集

39 9 0
                                    

Chapter 14

"Yixing..."

"..."

"Yixing..."

"..."

"Yixing"

Kris အခေါက်ခေါက် အခါခါခေါ်နေသော်လည်း အိပ်ရာထက်ပေါ် စက်တော်ခေါ်နေရှာသည့် ကောင်လေးက တုတ်တုတ်မျှမလုပ်။ ပြန်ကျသွားသည့် ဖုန်းကို လှမ်းကြည့်ရင်း Kris ခေါင်းကုတ်မိပြန်သည်။

ဘယ်ကဖုန်းမှန်းမသိပေမဲ့ ထပ်တလဲလဲဆက်နေတာ နာရီဝက်လောက်ရှိနေပြီ။ အသံကလည်း တော်တော်ကို ကျယ်တာ... အပေါ်ထပ်မှာ အိပ်နေတဲ့ Hu Ge မနိုးလာသေးတာကပဲ တော်တော် အံ့ဩစရာကောင်းနေပြီ။ အံ့ဩစရာအကောင်းဆုံးကတော့ လက်တစ်ကမ်းအကွာမှာ အသံကုန်ဟစ်နေတဲ့ ဖုန်းကို မကြားပဲ အေးဆေးဆက်အိပ်နေနိုင်တဲ့ Yixing ပေါ့လေ။

"ဒီကာလနဂါးလေးကတော့...."

Kris ခပ်တိုးတိုးရေရွတ်ကာ သူ့ပခုံးကို လှမ်းကိုင်လိုက်သည်။ တော်သေးသည်၊ သူ့ကိုကိုင်လို့ရလို့... ကောင်လေးကြည့်ရတာ လှုပ်နှိုးမှနိုးမဲ့ပုံ။

"Yixing..."

"အား!"

"ခွပ်"

Kris ခေါင်းလည်ထွက်သွားရသည်။ ခုနက တွေးခဲ့သည့် "တော်သေးတယ်" ဆိုတာကို ရုတ်သိမ်းလိုက်ရ၏။ သူ့ကိုကိုင်လို့ရသလို Yixing ကလည်း သူ့ကိုထိလို့ရတာမို့ အထိုးခံလိုက်ရတာ သိပ်မစားသာ။ ချာတိတ်လက်သီးက ကြမ်းပါဘိသနဲ့။

"ဘာလဲ... သူများအိပ်နေတာကို လာဖျက်ဆီးနေတယ်"

"သူကပဲ ပြောရသေး။ အဲ့ဖုန်း... အဲ့ဖုန်းကြီး ထကိုင်ဦး။ ထ..."

ဖုန်းထပ်ဝင်လာသော အသံကိုကြားမှ ကောင်လေးက ပက်လက်လှန်နေရာမှ မှောက်ရက်လဲလိုက်သည်။ ပြီးတော့ ကုတင်ဟိုဘက်စွန်းဆီ တရွေ့ရွေ့ ဝမ်းလျားထိုးသွားနေ၏။ သူ့လက်တွေက ကုတင်ဘေးကခုံပေါ်မှ ဖုန်းဆီ ဦးတည်နေသော်လည်း မျက်လုံးက လားလားမျှမပွင့်။

"အရေးထဲမှ..."

ဖုန်းကိုမှီနိုင်လောက်တဲ့နေရာ ရောက်ပြန်တော့လည်း မျက်လုံးမဖွင့်ပဲ လိုက်စမ်းနေသည်မို့ ဖုန်းကိုမမိပြန်။ Kris ဖုန်းကို သူ့အနားတွန်းပေးလိုက်မှပဲ ဖုန်းကိုင်ဖြစ်တော့သည်။

Spirit Whisperer [Kray]Where stories live. Discover now