U | 第六集

42 10 0
                                    

Chapter 6

ညတစ်နာရီထိုးပြီဆိုတာကို သိနေပေမဲ့ လူးလူးလွန့်လွန့်နဲ့ပဲ Yi Xing အိပ်မပျော်နိုင်ဖြစ်နေမိသည်။ Kris ပြန်ပြောတဲ့စကားတွေက သူ့နားထဲကကို မထွက်။ တခြားအဖြစ်အပျက်မျိုးတွေ ကြုံဖူးပေမဲ့ သူ့လို အဖြစ်မျိုးမကြားဖူးပါ။ အခုတော့ သူအိမ်ပေါ်ခေါ်တင်ထားရတဲ့ ဝိညာဉ်က Psycho တစ်ယောက်ရဲ့ ဝိညာဉ်တဲ့လား...

လူတွေက သေသွားတဲ့အခါမှာ သူတို့အသက်ရှင်နေတုန်းကလိုပဲ ပြုမူဆောင်ရွက်တတ်တာ မဟုတ်လား။ သူပြောသလို လူ့ဘဝမှာ သွေးအေးတဲ့ အရက်စက်ခံလူတစ်ယောက် ဖြစ်ခဲ့ရင် သူသရဲဖြစ်လာတော့မှ ဘာလို့ပြောင်းလဲသွားရတာလဲ...

Yi Xing တွေးရင်းတွေးရင်း အဖြေမပေါ်သည့်နောက်တော့ အိပ်ရာပေါ်က ဆင်းရင်း စားပွဲခုံပေါ်က စာကြည့်မီးကိုဖွင့်လိုက်မိတော့သည်။

"Tian a! လန့်လိုက်တာ..."

သူ့ရှေ့မှာ မတ်တပ်ရပ်နေသူကို မြင်တော့ သူလန့်အော်မိလိုက်သည်။ ပြီးမှ Kris ဆိုတာ သတိရကာ သက်ပြင်းချနိုင်တော့သည်။ Kris ကတော့ သူ့ကိုရပ်ကာကြည့်နေသည်။ ဘာစကားမှမပြော။

"ခင်ဗျား... ပျင်းနေရောပေါ့။ စကားပြောကြမလား..."

အိပ်လို့မရသည့်အတူတူ စူးစမ်းကြည့်ဖို့ အကြံနှင့် မေးလိုက်တော့ သူက ခေါင်းညိတ်ပြသည်။ ပြီးတော့ Yi Xing လက်နှင့်ပုတ်ပြရာ အိပ်ရာအစိတ်အပိုင်းပေါ် ထိုင်ချလိုက်သည်။

အနားသတ်လိုင်းတွေမှာ အနည်းငယ် ငွေရောင်ဖျော့နေသော သူ့မျက်နှာကိုကြည့်ရင်း Yi Xing စိတ်ထဲ အီလည်လည်ဖြစ်လာသည်။ ခေါင်းထဲလည်း ငြီးစီစီနှင့်...

"ခင်ဗျား... စိတ်ရှုပ်နေတာလား...."

မှန်းချက်နှင့်နှမ်းထွက်က ကွက်တိပင်။ သူက ခေါင်းညိတ်ပြသည်။

"ကဲပါ... စိတ်မရှုပ်နဲ့။ ခင်ဗျားရဲ့ မျက်နှာကြီးက အီးမှန်ထားတဲ့ရုပ်ကြီး"

သူ တစ်ချက်ရယ်လိုက်တော့မှ Yi Xing ရဲ့ လေးလံနေသော စိတ်ကြီး ဝန်ပေါ့သွားသည်။

"ငါ... ငါ့ကိုယ်ခန္ဓာကို ပြန်ရှာမတွေ့ရင် မကျွတ်လွတ်တော့ဘူးလား။ ငါ့အတိတ်ကို မသိချင်တော့ဘူး..."

Spirit Whisperer [Kray]Where stories live. Discover now