U | 第十集

29 7 0
                                    

Chapter 10

ပထမကတော့ သူအိပ်မက်မက်နေသည်ဟု ထင်နေခဲ့သည်။ ပေါ့ပါးသော ငှက်မွှေးတစ်တောင်အလား သူလေထဲ ပျံဝဲနေသည်လေ။ သူ့ပတ်ဝန်းကျင်မှ အရာရာက အေးချမ်းငြိမ်သက်နေသည်။

သို့သော် ချက်ချင်းပဲ သူမှတ်မိသွား၏။

သူအိပ်မက်မက်နေတာ မဟုတ်ပါ။

သူသေဆုံးသွားတာ ကြာပြီလေ...

=~=~=~=~=~=

Kris မျက်လုံးပွင့်ပွင့်ချင်း ထထိုင်မိလိုက်သည်။ နံရံပေါ်က နာရီက ခြောက်နာရီကို ညွှန်လျက်ရှိသည်။ မနက်ခြောက်နာရီလား ညခြောက်နာရီလား မသိရအောင် အပြင်ဘက်က မှောင်မည်းနေ၏။ သူရှိနေရာက ဧည့်ခန်းထဲမှာ... ဟိုတစ်နေ့က သူသတိလစ်သွားရာမှာပဲ။

"ခင်ဗျားနိုးပြီကိုး"

Yixing အသံကြောင့် သူလှည့်ကြည့်တော့ ကောင်လေးက apron ခါးမှာစည်း၊ ယောက်မကြီး ကိုင်ထားရင်းက သူ့ကို လှမ်းကြည့်နေသည်။

"အခု... ညခြောက်နာရီလား"

"အင်း... ကျွန်တော်ဆို ညစာစားတော့မလို့။ ဒီနေ့ည အမှုမရှိဘူးလေ"

"ဪ... ဒါဆို ငါတစ်ရက်တောင် အိပ်ပျော်သွားတာပေါ့"

Yixing က မျက်မှောင်ကြုတ်ကာ သူ့ကိုကြည့်သည်။

"မဟုတ်ဘူး... ခင်ဗျား အိပ်ပျော်တာကြာပြီ။ ဒီနေ့ ကြာသာပတေး။ ၄၉ ရက်မှာ ရက်လေးဆယ်ပဲ ကျန်တော့တာ"

"ဘာ!"

Kris မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်သွားတော့ ကောင်လေးက လက်အသာကာသည်။

"အဲ့လောက်စိတ် မပူပါနဲ့... အချိန်ရှိပါသေးတယ်။ လောလောဆယ်တော့ အဲ့ဒါမျိုး ထပ်မဖြစ်အောင် ထိန်းထားပေါ့။ မဟုတ်ရင် ခင်ဗျား နောက်တစ်ပတ် အိပ်ပျော်သွားဦးမယ်"

"Yi Xing, ခဏ..."

မီးဖိုချောင်ထဲ ပြန်ဝင်တော့မည့် ကောင်လေးကို သူတားလိုက်တော့ Yixing က ပြန်လှည့်လာသည်။

"ပြော...."

"ငါ့ကို ဒီညကျရင် မှတ်မိအောင် ထပ်လုပ်ပေးလို့ ရတယ်မလား"

"မရဘူး..."

ခေါင်းခါပြီး ချက်ချင်းငြင်းသည့် Yi Xing ကို သူရှင်းပြခံဖို့စောင့်သလို ကြည့်နေမိတော့ Yixing က ပြောသည်။

Spirit Whisperer [Kray]Where stories live. Discover now