အပိုင်း ( ၉ ) ( Unicode )

Start from the beginning
                                    

“ အစ်ကိုလေးဆက် ... မတွေ့ရတာတောင် ကြာပြီနော် ”

“ နေကောင်းတယ်မလား သုတ ”

“ ဟုတ်ကဲ့ ”

သုတကတော့ လေးဆက်ကိုမြင်သည်နှင့် ရိုရိုသေသေနှုတ်ဆက်စကားပြောသည်။ ထိုကလေးသည် အမြဲတမ်းလိုလို သူ့ထက်အကြီးကို လေးစားသမှုနှင့်ဆက်ဆံတတ်သည့်အတွက် လေးဆက်မှာ သုတကိုဆို အမြင်ကြည်သည့်အပြင် ညီငယ်လေးသဖွယ် ချစ်မြတ်နိုးရသဖြင့် ဟိုခွေးသူတောင်းစားလေးနှင့် လားလားမှသဘောမတူနိုင်ပါချေ။

သို့ပါသော်လည်း ချစ်ခြင်းတရားက ကြီးမားလာလျှင် မည်သူမျှ တားဆီးမရနိုင်သကဲ့သို့ လေးဆက်လည်း သုတလေးကို နှမျောတသဖြင့် ဟိုခွေးသူတောင်းစားလေး၏လက်ထဲ ဝကွက်အပ်လိုက်ရလေသည်။

“ မင်း ရောက်နေတာ ကြာပြီလား ... လေးဆက် ”

“ ကြာတော့ကြာပြီ ... ငါ တမင်စောစောထွက်လာတာ ... လာ ... သုတ ... ထိုင် ”

“ ကျေးဇူး ... ”

မြတ်သူမေးသမျှ ပြန်ဖြေနေရင်း သုတအတွက် ခုံဆွဲပေးလိုက်တော့ မြတ်သူက လေးဆက်ကို မျက်စောင်းခဲပြီးစိုက်ကြည့်သည်။ သိသားပဲ။ သူ့ဟာလေးကိုဆို အရမ်းသဝန်တိုတတ်သည့်ကောင်ဆိုတာ။ သိလို့ကို တမင်လုပ်တာ။

“ ကလေး ... ဘာစားမလဲ ... အရင်စားနေကျအတိုင်းပဲလား ”

သုတဘက်ကိုလှည့်မေးလိုက်သည့် မြတ်သူရဲ့မျက်နှာကြီးက သကာရည်ဆမ်းထားသလို ချိုမြနေလျက်ရှိသည်။ ဒင်းက လေးဆက်ကိုကျ ဘီလူးသံပရာသီးစားထားသည့်အခွက်ကြီးနဲ့ စိုက်ကြည့်သွားတာ။

“ အင်း ... ဟုတ်တယ် ကိုကြီး ”

“ ဒါဆို ကလေး ဒီမှာပဲ စောင့်နေနော် ... ကိုယ် သွားယူလာခဲ့ပေးမယ် ”

“ ဟုတ်ကဲ့ ”

လေးဆက်တစ်ယောက် သူ့ရှေ့မှာ သည်းနေသည့်အချစ်‌ငှက်နှစ်ကောင်ကို ကြည့်ကာ ဒီနေ့ သူ ဒီနှစ်ယောက်နှင့် လျှောက်လည်ဖို့ လိုက်လာခဲ့တာ မှားများမှားသွားပြီလားဟု သံသယဝင်လာမိသည်။

“ အစ်ကိုတို့လည်း ကျောင်းပျော်ကြီးတွေဖြစ်နေပြီနော် ”

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now