အပိုင်း ( ၆ ) ( Unicode )

Start from the beginning
                                    

“ အဲ့မီးပွိုင့်ကကြာတယ်ဟ ... မင်းတို့ လမ်းဆင်းလျှောက်လာခဲ့ ”

“ မင်းကြီးဒေါ်ကိုပဲ လမ်းဆင်းလျှောက်ခိုင်းလိုက်ပါလား ဝမ်းမနာသားလေးရဲ့ ... ငွေနှစ်ရာပေးထားရတာ တန်အောင်တော့ စီးရမှာပဲ ”

“ ဒါဆိုလည်း မြန်မြန်တော့လာကြကွာ ... ငါ ကျောင်းထိပ်မှာ မစောင့်ချင်ဘူး ... ကန်တင်းမှာပဲ စောင့်နေတော့မယ် ... မင်းတို့နှစ်ကောင် ကျောင်းရောက်ရင် Tip Top ကိုပဲ လာခဲ့လိုက်တော့ ”

“ အေး ... အေး ... ပြီးတာပဲ ... ငါတို့လည်း ခဏနေဆို ရောက်ပြီ ”

မြတ်သူနဲ့ ဖုန်းပြောပြီးသွားတော့ လေးဆက်လည်း ကျောင်းရှေ့မှာတစ်ယောက်တည်း မတ်တပ်ရပ်မနေချင်တော့တာနဲ့ ကျောင်းထဲဝင်လာပြီး ကန်တင်းမှာ ထိုင်‌နေလိုက်သည်။ ကော်ဖီအေးတစ်ခွက်မှာသောက်ရင်းနဲ့ပေါ့။

ဆယ်မိနစ်နီးပါးလောက်ကြာတော့ မေမြတ်နဲ့ မြတ်သူနှစ်ယောက်စလုံး လေးဆက်ရှိနေတဲ့စားပွဲနားကိုရောက်လာပြီး ထိုင်ခုံဆွဲကာ ဝင်ထိုင်လိုက်ကြသည်။

“ မင်းတို့ ဘာစားကြမှာလဲ ”

လေးဆက် မီနူးကတ်ကို မေမြတ်ရှိရာ လှမ်းပေးရင်း မေးလိုက်သည်။

“ အခုတော့ အအေးလောက်ပဲ သောက်မယ်ဟာ ... ဝင်ခွင့်ဖြေပြီးတော့မှပဲ အဝဆွဲတော့မယ် ”

မေမြတ်က လေးဆက်ပေးသည့်မီနူးကတ်ကို လှမ်းယူလိုက်ပေမဲ့ မီနူးကတ်ကို တစ်ချက်ကလေးမှ မကြည့်ဘဲ သူ စားချင်တာတွေကို စွတ်မှာတော့သည်။ အင်း ... ပြောတော့ အအေးလောက်ပဲသောက်မှာတဲ့။ မှာထားလိုက်သည်များက ဇီးဖျော်ရည်၊ ကွေ့တီယို၊ အာလူးချောင်းကြော်၊ ပုစွန်လိပ်ကြော်။ စားစရာတွေ တစ်ခုပြီးတစ်ခု စားပွဲပေါ်ရောက်လာတာကို ကြည့်နေရင်း မြတ်သူက သူ့အစ်မကို အမြင်ကပ်လာသည်ထင်ပါရဲ့။

“ မေမြတ် ... နင်ပြောတော့ အအေးလောက်ပဲ သောက်မှာဆို ”

“ အေးလေ ... အအေးလောက်ပဲလို့ ပြောတာ‌လေ ... အအေးပဲလို့ အတိအကျပြောတာမှ မဟုတ်တာ ”

အအေးလောက်ပဲနှင့် ပတ်သတ်ပြီး မောင်နှမနှစ်ယောက်အငြင်းအခုံဖြစ်နေကြသည်ကို လေးဆက်က ဘေးနားက ထိုင်ကြည့်ပြီး ကြိတ်ရယ်နေသည်။ ထို့နောက် စကားစစ်ထိုးပွဲကို လမ်းကြောင်းပြောင်းသည့်အနေနှင့်

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now