အခန်း ၁၆၇

Start from the beginning
                                    

****Lucius နဲ့ Sir Bentier Seeze တို့မှာ လျှို့ဝှက် သဘောတူညီချက်ရှိသည်. Marquis Seeze ရဲ့ အမွေဆက်ခံသူ Sir Bentier က ဧကရာဇ်ရဲ့ နိုင်ငံရေးပြိုင်ဘက်ဖြစ်ရမှာ ဖြစ်သည်. ဒါပေမဲ့ စစ်အတွင်းမှာ Sir Bentier က ဘက်ပြောင်းသွားခဲ့သည်. သူ့ဆုံးဖြတ်ချက်ကို လူအနည်းငယ်သာ သိခဲ့သည်. ဒါကို ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားသည်. Sir Bentier က အကြီးအကဲတွေနဲ့ ဧကရာဇ်ကြားက တင်းအားတွေကို ထပ်ပြီးတော့ မတိုးလာစေချင်တော့ပေ. ဧကရာဇ်ရဲ့အမိန့်ကို နာခံဖို့ သူက အကြီးအကဲတွေကို နားချခဲ့ပေမဲ့ အဆင်မပြေခဲ့ပေ. အကြီးအကဲတွေက အလွန်ခေါင်းမာပြီးတော့ အပြောင်းအလဲလုပ်ဖို့ ငြင်းဆန်ခဲ့ကြသည်.

အကြီးအကဲတွေက သူတို့ရဲ့ကိုယ်ပိုင်စစ်တပ်တွေကို ဆက်လက်တိုးချဲ့နေခဲ့သည်. သူတို့က ဧကရာဇ်ရဲ့သဘောတူညီချက်မရှိပဲ သူတို့ကိုယ်ပိုင်နယ်မြေတွေမှာ ဘုရင်တစ်ပါးလို အုပ်ချုပ်နေခဲ့ကြသည်. ကျေးဇူးတင်ဖို့ကောင်းစွာနဲ့ လောလောဆယ်မှာတော့ နှစ်ဘက်စလုံးမှာ ဘာပြဿနာမှ ကြီးကြီးမားမားမဖြစ်လာသေးပေ.

အကြီးအကဲတွေရဲ့ ကိုယ်ပိုင်စစ်တပ်အင်အားတိုးချဲ့မှုက ဧကရာဇ်ကို စိတ်ရှုပ်သွားစေပြီး ဧကရာဇ်ရဲ့ ရုတ်တရက် မြို့တော်ပြောင်းရွှေ့လိုက်တဲ့ကိစ္စက အကြီးအကဲတွေကို ဒေါသဖြစ်သွားစေခဲ့သည်. ကြည့်ရတာတော့ တစ်ဘက်ဘက်ကနေ ပေါက်ကွဲလာဖို့ကို စောင့်ဆိုင်းနေကြဟန်တူသည်.

ဧကရာဇ်က အရမ်းကို စိတ်ရှည်တဲ့ လူတစ်ယောက်ဖြစ်သည်. သူက အသက်ငယ်နေဆဲဖြစ်တာကြောင့် အကြီးအကဲတွေ စောင့်ဆိုင်းနိုင်တာထက် သူက အများကြီး ပိုစောင့်နိုင်သည်. အောင်မြင်ခြင်းနတ်ဘုရားမက သူ့ဘက်မှာ ရှိနေတယ်လို့ Lucius က ယုံကြည်နေခဲ့သည်. ပြီးတော့ နတ်ဘုရားမတွေအားလုံးက ကြည့်ကောင်းတဲ့လူတွေကို ချစ်ခင်နှစ်သက်ကြသည်.

ဧကရာဇ်က ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်ကြည့်နေသည်. တောင်ပိုင်းဒေသက Lady Rebecca က ကိုယ်ဝန်အရင်ဆုံးရလိုက်တဲ့အချက်ကလဲ ကြီးမားတဲ့ ဆုလာဒ်တစ်ခုဖြစ်ခဲ့သည်. ဒီအချက်က Marquis Seeze ရဲ့ အာဏာကို အနည်းငယ်လျော့ကျသွားစေခဲ့သည်.

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now